သင်္ကြန်နေ့လေးတစ်ခု

5K 222 103
                                    


" သားကြီးထထ
အသံတစ်ခုကြားတယ်"

မနက်ဝေလီဝေလင်းကြီး အတင်းလာနှိုးတဲ့အသံကြောင့် ဟန်သာထူးကြည်ဆက်ခနဲလန့်နိုးလာခဲ့သည်။

လှည့်ကြည့်လိုက်တော့လည်းဘေးမှာဘယ်သူမှရှိမနေပါ

အိပ်ရာကနိုးလာတာနဲ့ ခံစားလိုက်ရတာကျောထဲထိစိမ့်နေသည့်အအေးဒဏ်ဖြစ်သည်။

သူအိပ်နေသည့် ယာယီတန်းလျားလေးသည်အစွန်ဆုံးဖြစ်ပြီး တောင်လေခပ်ကြမ်းကြမ်းကိုတော့သိပ်မလုံပါ...

စခန်းတစ်ခုလုံး အိပ်မောကျနေရာမှ သူ့အားလာနှိုးသည့်အသံသည် မနေ့ကကျဆုံးသွားသောရဲဘော်ကောင်းမြတ်၏အသံမှန်းသူသေချာသိသည်။

စိတ်ထဲမတင်မကျစိတ်နဲ့ လှဲနေရာမှထထိုင်လိုက်ကာအချိန်ကိုကြည့်လိုက်တော့ မနက် ၆ နာရီ

အရှေ့ဘက်တောင်တန်းမှာ ပျိုးကာစနေရောင်ခြည်အလင်းရောင်ခပ်ယဲ့ယဲ့သည် အရာအားလုံးကိုတော့ပြတ်သားစွာ မြင်တွေ့နိုင်သည်။

ခပ်လှမ်းလှမ်းမှ သူတို့စခန်းဆီ ဦးတည်လာသော အရာတစ်ခုသည် ကောင်းကင်မှာဝဲလို့

ဟန်သာထူးကြည်သည် ထိုအရာကို မျက်မှောင်တွေကြုံ့ဝင်ပြီးစူးစိုက်ကြည့်နေမိသည်

လေယာဉ်တစ်စီး
သေချာတာကတော့ သူတို့စခန်းဆီဦးတည်လာတဲ့ လေယာဉ်တစ်စီး.... သွားပြီ ဟုစိတ်ကတွေးပြီး
သူဟာအသံနက်ကြီးနဲ့ထအော်တော့သည်။

" လေယာဉ်.... လေယာဉ်တွေလာပြီ"

အလန့်တကြားထအော်သော သူ့အသံကြောင့်စခန်းတခုလုံးအုပ်ဪသောင်းနင်းဖြစ်သွားသည်

သိပ်မကြာလိုက်

" ဝုန်းခနဲ..." အသံနက်ကြီးနဲ့အတူ
ကမ္ဘာမြေပြင်တစ်ခုလုံးတသိမ့်သိမ့်တုန်ခါသွားသည်။

အဲ့ဒီ့ခဏမှာနားတွေအူထွက်ပြီး ဘာတစ်ခုမှမကြားတော့

" ဟေ့ရောင်ဒီဘက်ကိုလာ ဒီဘက်ကိုပြေးလာ"

မျက်လုံးထဲမှာဝေဝါးစွာလှမ်းခေါ်နေသော ပုံရိပ်တွေဟာဝေးလိုက်နီးလိုက်

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Where stories live. Discover now