နံနက်ခင်းနေရောင်ခြည်ငွေ့ငွေ့လေး
ပြတင်းတံခါးမှတဆင့်
မျက်နှာပေါ်သို့ခပ်နွေးနွေးထိတွေ့မှသာ
ကဗျာတစ်ယောက်လှိုက်ခနဲနိုးလာခဲရသည်
" နိုးပြီလား"
ဟန်သာသည် လူးလွန့်လာသောသူမအား " ပြွတ်" ခနဲမြည်သည်ထိ နဖူးလေးတွေကိုနမ်းရှုံ့ရင်းမေးသည်။
"ညက နွေလေးအိပ်ပျော်သွားတာမှတ်မိလား"
ကိုကိုမေးတော့ကဗျာသည် ကြောင်အမ်းအမ်းလေးဖြင့်ခေါင်းခါသည်။
ကိုကိုသည် အင်္ကျီချွတ်လျက်အနေအထားနဲ့ပင် သူမကိုထွေးပွေ့ထားတာဖြစ်သည်။
အိပ်ရာနိုးနိုးချင်း အကြည်ဓာတ်လေးပေးသည့်
ဒီရင်ခွင်သည် နွေးထွေးမွှေးပျံ့လွန်းသလို
ရင်ခုန်ဖို့လည်းကောင်းသည်။
" ကိုကို့ကျောကိုလည်းကြည့်ဦး"
ကိုကိုပြမှနွေလေးသည်
အတော်လေးအားနာသွားပါသည်
ညကစိတ်အပါလွန်ပြီး အားရပါးရကုတ်ခြစ်ထားတဲ့ လက်သည်းရာတွေဟာ ကိုကို့ကျောမှာအထင်းသားဖြစ်သည်။
အသားဖြူဖြူပေါ်ကသွေးစို့နေသည်ထိ အစင်းကြောင်းနီရဲရဲတွေသည် ပန်းချီကားနဲ့ပင်တူသည်
"နွေလေးဆွဲထားတဲ့
ကိုကိုကျောပြင်ကပန်းချီကားလေ
The art , The artist ပေါ့"
ဟန်သာထူးကြည်သည် ထို လက်သည်းပန်းချီကားကို tattoo ထိုးသလို ထားချင်ပေမဲ့လည်း
အချိန်ကြာရင်ပျောက်ပျက်သွားနိုင်သည်
သို့ပေမဲ့ နွေလေးမသိအောင်ခိုးရိုက်ထားသည့် အတူနေခဲ့သည့် video file ကိုတော့ အကြိမ်ကြိမ်ပြန်ကြည့်ရန်တယုတယသိမ်းထားမှာဖြစ်သည်
..............
" ဒီကကြည့်ရင် မန္တလေးတောင်ကိုမြင်ရတယ်"
ကဗျာသည် hotel လှေကားထစ်ကို နှေးနှေးကွေးကွေးတက်လာသည့် ကိုကို့အားဆွဲခေါ်ပါတော့သည်။
" အောက်မှာကြည့်ကိုကို
ကားလေးတွေ လေးထောက်ကွက်ထဲမှာသွားနေတာဘယ်လောက်မိုက်လဲ"
YOU ARE READING
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Fantasyရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...
