The Girl Next Door 1

6K 216 90
                                    

" ဒီတိုက်ကတော့အသစ်ပဲ လူမနေရသေးဘူး
မင်းလို အေးအေးဆေးဆေးနေချင်တဲ့သူအတွက်တော့ အဆင်ပြေတယ်
ပတ်ဝန်းကျင်လည်းတိတ်ဆိတ်တယ်
တစ်ခုပဲခြံထဲကရေကူးကန်က လူသေဖူးတယ်"

" ဗျာ"

အိမ်လိုက်ပြတဲ့လူရဲ့စကားကြောင့် ဟန်သာသည် မျက်ခုံးတွေပင့်တင့်မိကာတအံ့တဩဖြစ်သွားရသည်။

" ဟုတ်တယ် ချာတိတ်လေးနှစ်ယောက် ခြံထဲကိုခိုးဝင်ပြီးရေဆင်းကူးရာကနေ ရေနစ်သွားတာပဲ
ရေကန်က နည်းနည်းနက်
ကျယ်လည်းကျယ်တော့
မိသားစုမှာကလေးတွေပါရင်သတိထားဖို့..."

ရောက်ရောက်ချင်း ပွင့်ပွင့်လင်းလင်း အိမ်ရဲ့သမိုင်းကြောင်းကိုရှင်းပြတာမို့ ကျေးဇူးပဲတင်ရမလို  စိတ်ပဲတိုရမလိုမသဲကွဲတော့ပါ ဒီအိမ်မှာနေရမှာသူတစ်ယောက်တည်းမဟုတ်လား....

" ကျွန်တော်ကရေကူးချန်ပီယံပါ
ကလေးလည်းမရှိပါဘူး
ပြီးတော့ဒီမှာတစ်ယောက်တည်းနေမှာပါ"

" ဒါဆိုအတော်ပဲပေါ့
ဒါကသော့ ကျွန်တော်သွားတော့မယ်
တစ်ခုခုလိုရင် ဖုန်းဆက်လိုက်ပါ"

အိမ်လိုက်ပြသော ပုဂ္ဂိုလ်သည် သော့အထပ်လိုက်ကြီးအားသူ့ကိုပေးသွားပြီး ခြံပြင်ကိုထွက်သွားပါတော့သည်။

အဖေ့ဆီပြန်မသွားတောပေမဲ့ဘဏ်ထဲကိုလကုန်တိုင်း ထည့်ပေးနေကျငွေကတော့အရင်လိုမလျော့စတမ်းရောက်လာစမြဲဖြစ်သည်။

အခုလည်း
စိတ်ပြေလက်ပျောက်ဆိုသောခေါင်းစဉ်နဲ့ မန္တလေးမှာယောင်လည်လည်လာလာနေသောသားကိုကြည့်မရလို့ဟုထင်ပါသည်။

မန္တလေးထိ အဖေလှမ်းဝယ်ပေးသောအိမ်အသစ်ကြီးသည် သူတစ်ယောက်တည်းနေဖို့ကျယ်လွန်းပါသည်။

ရေကန်သည်လည်း ၉ ပေလောက်ထိနက်ပုံရပြီး အကျယ်ကလည်းမီတာ ၃၀ လောက်ရှိသည်။

ကြည့်ရတာအဖေသည် ရေကူးကန်ပါသောအိမ်ကိုခဲရာခဲဆစ်ရှာဖွေပေးထားပုံရသည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Where stories live. Discover now