" Bully"
ဟုတ်လား
ဒီစကားက ကဗျာ့အတွက်တော့ နေ့စဉ်ကြုံနေရလွန်းလို့ ထုံပေနေခဲ့တဲ့အရာဆိုယုံမလား?
နာမည်ကြီး private university ဖြစ်သည့်အားလျှော်စွာ
ချမ်းသာပြီးအလိုလိုက်ခံထားရသောကျောင်းသားဆိုးကျောင်းသူဆိုးတွေအလွန်များသည်။
ကဗျာ့လို အရောင်မှိန်စွာနေတက်သောသူကို
စုပုံအနိုင်ကျင့်တက်တာ သူတို့ရဲ့စိတ်အပန်းဖြေရာတစ်ခုထင်ပါ၏
ကဗျာသည် သူတို့အတွက်ဟားတိုက်စရာ
ဟာသတစ်ပုဒ်အဖြစ်သာ
အခုတော့ပိုဆိုးလေပြီ...
တစ်ကျောင်းလုံးရဲ့ အာရုံစူးစိုက်အခံရဆုံး
အမျိုးသားကိုမှ သွားထိမိလေခြင်းဆိုပြီး
ကဗျာ့အဖြစ်က ဟာသတစ်ပုဒ်လို နာမည်ကြီးသွားခဲ့သည်။
ဟန်သာ့ကိုကဗျာချစ်သည်။
ဘယ်ကတည်းကလဲဆိုရင်
မူကြိုကတည်းကလို့ပြောရမည်။
အပြစ်ကင်းစင်တဲ့ကလေးဘဝမှာအချစ်ရှိနိုင်ပါ့မလားလို့ မေးကြလျှင် ကဗျာကရှိသည်ဟုဖြေမည်။
၁၅ နှစ်တိတိ crush ခဲ့သော ဟန်သာကို ကဗျာနွေဘယ်အချိန်ထိဆက်သည်းခံနိုင်ဦးမလဲမသိပါ
ငယ်ငယ်က မူကြိုမှာ Snow White ပြဇာတ်တွေကရင်ဟန်သာကမင်းသားလေး
ကဗျာကမင်းသမီးလေးလို့ စိတ်ကူးယဉ်ခဲ့ပေမဲ့
တကယ်တမ်းကဗျာဟာ လူပုလေး ၇ ယောက်ထဲကတစ်ယောက်အဖြစ်သရုပ်ဆောင်ရသူဖြစ်သည်။
ဟန်သာငယ်ငယ်ကအခုလိုပုံစုံမဟုတ်ပါဟုကဗျာထင်ပါသည်။
ဟန်သာသည် နွေးထွေးပြီးကာကွယ်လိုစိတ်ရှိသည့် ကောင်လေးဖြစ်ခဲ့ဖူးသည်။
ငယ်ငယ်ကအနိုင်ကျင့်ခံရသည့်သူမကို ဟန်သာသည် အကြိမ်ကြိမ်ကာကွယ်ပေးဖူးသည်။
အဲ့ဒီ့အချိန်ကတည်းက ဟန်သာ့၏ပါးချိုင့်ခွက်လေးတွေကိုခိုးမြတ်နိုးခဲ့ရတာ အမြဲဖြစ်သည်။
ဘာတွေကများဟန်သာ့ကိုအခုလိုဆိုးသွမ်းကာ မာကြောစေခဲ့လဲ ကဗျာမသိပါ
အခုတော့......
သူ သူ ရှေ့မှာ
ကျောင်းအင်္ကျီ shirt အဖြူကို ကြယ်သီး နှစ်လုံးလောက်ဖြုတ်ကာ
ဖိုသီဖတ်သီပုံစံနဲ့တောင်ဟန်သာက ကြည့်ကောင်းသည်။
ВЫ ЧИТАЕТЕ
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Фэнтезиရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...
