Milo boy

8.5K 332 105
                                        

" ဘာလို့ဒီမှာအလုပ်လုပ်ချင်တာလဲ"

Interviewer ​၏စကားကိုကဗျာသည် ယုံကြည်မှုရှိရှိပြုံးရင်းပင်ဖြေလိုက်တော့သည်။

" ကျွန်မက အစားအသောက်ဝါသနာပါလို့ပါ"

" ဟုတ်မှာပါ"

Interview လုပ်သည့် ပုဂ္ဂိုလ်သည်သူမခန္ဓာကိုယ်ကိုကြည့်ရင်းပြောသည်

ဖောင်းအိနေတဲ့ လက်အစုံသည် ဟင်းချက်ရာမှာတော့
ထူးချွန်ပြောင်မြောက်သည်ဆိုတာ interviewer ဂျာကြီးသည်သေချာသိပုံမပေါ်ပါ

" အခုက မနက်ပိုင်း kitchen ကစားဖိုမှုးက ညနေ ၅ခွဲထိ Duty ရှိတယ် မင်း ရဲ့duty ချိန်က၅ ခွဲကနေ ၉ခွဲထိ duty ရှိတယ်
အဆင်ပြေမလား"

ကျောင်းစရိတ်ကိုအမေထောက်နေသည့်တိုင်အောင်ဝါသနာပါတာလေးကိုလည်း ကဗျာနွေသည် လက်လွှတ်မခံချင်ပါ။

အိမ်နဲ့နီးနီးနားနားလည်းဖြစ်
အလုပ်ချိန်ကလည်းအဆင်ပြေတာမို့ ကဗျာဒီအလုပ်ကိုရွေးခဲ့ခြင်းဖြစ်သည်။

" ငါတို့ hotel က Olympic size 50 meter pool ရှိတော့ရေကူးသမားတွေ မကြာခဏလာတည်းတယ်
ရေကူးပြီး ဗိုက်ဆာကြတော့ kitchen ကညဘက်တွေဆိုတော်တော်အလုပ်ရှုပ်တယ်"

interviewer ​၏ " ရေကူးသမား"စကားကြောင့် ကဗျာနွေ​၏ မျက်လုံးလေးများအရောင်တွေလင်းခနဲဖြစ်သွားရတော့သည်။

" သူတို့ကအဆီများတဲ့ menu တွေဆိုမစားဘူး
protein များတဲ့ အမဲသား Steak တို့လို အဆီနည်းတဲ့ ကန်စွန်းပလိန်းတို့လို menu တွေ များများချက်ရတယ်"

" ကျွန်မသိတယ်ဆရာ
ရေကူးသမားတွေ စားသင့်တဲ့ porridge oats တို့wholegrain bread တို့ pastaတို့ ကန်စွန်းဥတို့ ပဲတို့ကိုသုံးပြီး Menu ဆန်းဆန်းတွေကောင်းကောင်းချက်တက်တယ်
အဲ့ဒါနဲ့ပတ်သက်ပြီးသေချာလေ့လာထားတယ်"

သူမရဲ့သွက်လက်ချက်ချာတဲ့ဖြေကြားမှုကြောင့် interviewer သည် မျက်ခုံးတွေပင့်ပြီးအထင်ကြီးတဲ့မျက်ဝန်းတွေကိုဖုံးဖိထားရတော့သည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Tempat cerita menjadi hidup. Temukan sekarang