" ရော့ ဒါလဲလာခဲ့"
အထုတ်တစ်ထုတ်အား ကောင်းကောင်းမွန်မွန်မပေးပဲ ကဗျာ့ရဲ့မျက်နှာတည့်တည့်ကိုပစ်ပေါက်ပေးတာမို့
လူကပူထူသွားရသည်။
ဟန်သာတစ်ယောက် ကဗျာအလုပ်လုပ်သည့် Kitchen အဝထိရောက်ရောက်လာတက်တာအခုဆိုရင်မကြာခဏဖြစ်သည်။
ကျောင်းမှာ အနိုင်ကျင့်လို့မဝလို့များ
အလုပ်ခွင်ထဲထိ
အနိုင်လာကျင့်နေလားမှတ်ရသည်
ဟန်သာသည်အခုဆို ကဗျာအလုပ်လုပ်သည့်
Hotel မှာ Long Stay အဖြစ်ပါအခန်းငှားပြီးလာ
နေနေပြီဖြစ်သည်။
ညတိုင်းလိုလို Dinner ကို သူဂျေးများ ဂျစ်တိုက်သလောက်ကိုစိတ်တိုင်းကျအောင်လုပ်ပေးရင်း သူမ Duty ချိန်သည် အမြဲလိုလို ၁၁ နာရီကျော်သည်ထိဆင်းရသည်။
အခုလည်းဟန်သာဘာခိုင်းဦးမလဲလို့ရင်တထိပ်ထိပ်မော့ကြည့်လိုက်သည်။
ဟန်သာ၏ မျက်လုံးတွေကသူမကို စေ့စေ့မကြည့်ပါ
" duty off ချိန်ကျရင်ရေကူးသင်ပေးမယ်"
" မလိုပါဘူး "
ညကိုးနာရီဖြစ်သည့်အပြင်အေးစက်နေသော ရေကူးကန်ထဲကို ကဗျာတကယ်ကိုမဆင်းချင်ပါ
သို့ပေမဲ့ဟန်သာ့ပုံစံကဇွတ်တရွတ်မို့ ကဗျာဘယ်လိုလုပ်ရမလဲပင်မသိပါ။
" မလာရင်အိမ်ပြန်မလွှတ်ဘူး
ပြီးရင် မင်း size ရေကူးဝတ်စုံကို ငါမနည်းရှာပေးထားရတာ အဲ့ဒါကြောင့် မသင်လို့မရဘူး"
ဟန်သာသည် ငေးချင်စရာ အမျိုးသားတစ်ယောက်ဖြစ်သည့်အပြင် Olympic ထိ လျာထားခြင်းခံရသူမို့ မိန်းကလေးအတော်များများ၏ အာရုံစိုက်ခြင်းခံရသူဖြစ်သည်။
ထိုကဲ့သို့အမျိုးသားက ကဗျာနွေလို ပေါင် ၁၅၀ ဝဝတုတ်တုတ် သာမာန်မိန်းကလေးနား အနိုင်ကျင့်သည်ဟူသောခေါင်းစဉ်နဲ့ ပတ်သက်နေခြင်းသည် စိတ်ဝင်စားစရာကိစ္စပင်ဖြစ်သည်။
" လာရမယ်နော် ကြားလား"
နောက်ထပ် ဘုဘုဘောက်ဘောက် အော်ငေါက်ပြီးမှ Kitchen ထဲမှ ထွက်သွားသော ဟန်သာကို
kitchen မှ လုပ်ဖော်ကိုင်ဖက်ညီမလေးတွေတောင် ပြုံးစိစိဖြစ်သွားသည်။
ВЫ ЧИТАЕТЕ
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Фэнтезиရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...
