" ဒါကဘာလို့မဲနေတာလဲနွေလေး"" ကြက်မဲလေဟန်သာရဲ့ "
" မြင်ရတာတမျိုးကြီးပဲ"
ဟန်သာစားဖို့အတွက် ကြက်မဲကို အဖွားကိုဂျီကျဒုက္ခပေးပြီးတရုတ်ဆေးမြစ်တွေနဲ့သေချာပေါင်းခိုင်းလာတာဖြစ်ပေမဲ့
ဟန်သာကတော့ ဂျေးများနေတာဖြစ်သည်။" မနက်ကလည်း ဘာမှမစားဘူး
အဲ့လိုနဲ့ ကျွန်မပဲဝိတ်တွေပိုတက်လာမှာပေါ့"ကဗျာတစ်ယောက် ဟန်သာမစားတော့သည့်အရာမှန်သမျှကိုနှမြောပြီးအကျန်ရှင်းနေတာမို့ ဗိုက်ကြီးလည်းအီလည်နေရတော့၏
" နွေလေးဝတုတ်လေးဖြစ်တော့ကောင်းတာပေါ့"
"ဘာလို့"
" အရမ်းလှနေရင် ကိုကိုသဝန်တိုလို့သေမှာပေါ့
ကိုကို့အာလူးလေးကို
ကိုကိုတစ်ယောက်ပဲချစ်လို့ရအောင်
ဝဝလေးပဲနေ"ဟန်သာ့အပြောကြောင့် ကဗျာတကယ်ကို အရည်ပျော်သွားပြန်သည်။
သို့ပေမဲ့ဟန်သာဘဝင်မြင့်သွားမှာစိုးလို့
ပြုံးစိစိဖြစ်နေသောမျက်နှာထားကို
ဟန်ဆောင်ဖုံးကွယ်ရင်းရင်ခုန်သံတွေကို
လူမမြင်အောင်ထိန်းချုပ်ရတော့၏"ဟွန်းဘာဆိုင်လို့လဲ"
ကဗျာသည်နှုတ်ခမ်းလေးထော်ရင်း
ကုတင်ခြေရင်းမှတွန့်ကြေနေသောစောင်အားခေါက်ဖို့ယူလိုက်စဉ်
ဟန်သာကသူမလက်ကို ဖက်ခနဲဆွဲလိုက်တာမို့ လူကအလိုက်သင့် ယိုင်ကျသွားသည်။" လာပါဦး ငြိမ်ငြိမ်လည်းမနေဘူး"
ဟန်သာထူးကြည်သည် အသည်းယားလွန်းတာမို့ သူမကို ရင်ခွင်ထွဲဆွဲထည့်ရင်းဂုတ်ပိုးဖြူဖြူလေးတွေကို ခပ်ဖွဖွကိုက်လိုက်တော့သည်။
" ယားတယ်... ဟန်သာရဲ့"
ကဗျာသည် ယားလွန်းလို့တခွီးခွီးရယ်နေကာရုန်းနေပေမဲ့ နေမကောင်းသည့်ဟန်သာ့လောက်ပင်အားမရှိပါ။
" ဟန်သာ ဟန်သာလို့မခေါ်နဲ့
ကိုကိုလို့ခေါ်ပါလို့ပြောနေတာကို
ပြီးရင် ကျွန်မ ကျွန်မဆိုပြီးစိမ်းစိမ်းကားကားကြီးမပြောပဲနွေလေးက နွေလေးကဆိုပြီးပြော"
YOU ARE READING
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Fantasyရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...