The Girl Next Door 8

4.8K 217 106
                                    



အဲ့ဒီ့နေ့က.......

သေချာပေါက် တစ်ခုခုမှားနေပြီဆိုတဲ့ ခံစားချက်နဲ့အတူ ညနေအထိ သူဟာတွေတွေကြီးရပ်နေမိသည်။

ဘိလပ်မြေတွေမခြောက်သေးတဲ့
ကြွေပြားကိုငေးကြည့်ရင်း စိတ်ညစ်ညစ်နဲ့ cigarette တစ်လိပ်ကိုမီးညှိလိုက်သည်။

"နွေ မင်းဘာတွေလုပ်နေတာလဲ
သိချင်တယ်"

အုပ်ဂူဖြူဖြူရှေ့မှာအကြာကြီးရပ်ကာ
သူတစ်ကိုယ်တည်းကြားရုံမျှရေရွတ်ခဲ့သည်။

ပထမဆုံး အနမ်းပေးခဲ့တဲ့နေ့ကတည်းက
မေဟာနွေဖြစ်မှန်း ရိပ်မိခဲ့ပြီးသားဖြစ်သည်။
နွေ့ရဲ့ ဘယ်ဘက်နားနောက်က မှဲ့နီလေးကို သူသေတာတောင်မမေ့ပါ....

ဒုတိယနေ့ password ကိစ္စမှာ သူ့ရဲ့ သံသယတွေဟာပိုပြီးသေချာခိုင်မာလာခဲ့သည်။
ကဗျာမေဟာ နွေနဲ့ သူနဲ့ နှစ်ယောက်တည်းသိထားသည့်ကိစ္စကိုဘယ်လိုမှသိဖို့မဖြစ်နိုင်ပါ။

တတိယနေ့ သချိုင်းကိုလိုက်သွားတဲ့နေ့

အဲ့ဒီ့နေ့က သူဟာ သူမနောက်ကိုမလှမ်းမကမ်းမှကပ်ပါခဲ့ရင်း နွေ့အဖွားရဲ့ အုပ်ဂူကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ပြီးဖြစ်သည်။

ဒီနေ့ကျတော့ အုပ်ဂူပေါ်က ကြွေပြားကို မသေမသပ်နဲ့နာမည်ပြောင်းကပ်ထားပြီး သူ့အားဂျင်းထည့်နေတာဖြစ်သည်။

အခုလည်း
မှဲ့နီလေးကိစ္စကို သူမဟာရူးချင်ယောင်ဆောင်နေခဲ့ပြန်၏

" ဟုတ်ပါပြီ မှဲ့ဆိုတာလူတိုင်းမှာရှိနိုင်တာပဲ"

ဟန်သာဟာ သူ့ရဲ့ချောင်ပိတ်မေးခွန်းကြောင့်သွေးမရှိသလိုဖြူဖျော့သွားတဲ့ သူမမျက်နှာကိုကြည့်ရင်း စကားကိုပြန်လျောချလိုက်ပါသည်။

သေချာတာတစ်ခုကတော့ သူ့ဘက်ကလည်း နွေ့အပေါ် ဒီတိုင်းပြန်ချည်းကပ်လို့မရတော့ပါ

မေအဖြစ် ဟန်ဆောင်နေသည့် သူမရေးတဲ့ဇာတ်လမ်းထဲတွင် ရူးချင်ယောင်ဆောင်ရင်း ပြန်ချည်းကပ်ရမှာသိထားတာကြောင့်ဖြစ်သည်။

ကဗျာဟာ သူ့စကားကိုကြားတော့ သက်ပြင်းငယ်လေးခိုးချပါသည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Où les histoires vivent. Découvrez maintenant