" ဒီတစ်ယောက်ကို
နည်းနည်းလောက်လှလာအောင်
လုပ်လို့ရောရရဲ့လား"
ပါးစပ်ကသာပြောတာဟန်သာသည် ဆံပင်ညှပ်သည့် မှန်တင်ခုံရှေ့ hair cloth မဲမဲကြီးလွှမ်းထားသော အာလူး၏ မျက်နှာပန်းရောင်လေးကို ကြည့်ကာ ပြုံးမိပါသည်။
ထိုငတိမသည် Beauty Sloon ကိုတောင်တစ်ခါမှရောက်ဖူးပုံမပေါ် ပါ
မီးလုံးတွေကိုတောင်ငေးမြောက်ငေးကြည့်နေပုံတကယ့် တာဇံလိုပင်
" ရပါတယ်ဗျာ ချစ်စရာလေးကို"
ဟန်သာသည် Hair stylist ထံမှ ချစ်စရာလေးဟူသောစကားကြောင့် စိတ်ထဲခုတုတုဖြစ်မိပါသည်။
အာလူးဟာတကယ်တမ်းချစ်စရာလေးမှန်း
သိနေပေမဲ
ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်းကသာ ချစ်စရာကောင်းသည်ဟုအသိမှတ်ပြုချင်ပါသည်။
" နည်းနည်းလေးတိပြီး အရောင် အညိုလေးဆိုးလိုက် ရှေ့ဆံပင်ကိုချစ်စရာလေးဖြစ်အောင် Ban ညှပ်ပေး ဆေးက ဘယ်နှစ်မျိုးရှိလဲ"
စိတ်တိုင်းကျမေးနေသော ဟန်သာသည် ကဗျာ့ကို အမြင်ကတ်တယ်ဆိုပြီးစိတ်တိုင်းကျပုံသွင်းနေတော့သည်။
" Germany ဆေးရှိတယ် အဲ့ကောင်က
ဆေးပါဆိုးအပြီးစီး ၂ သိန်းခွဲ
Japan ဆေးနဲ့ဆို ၁ သိန်းခွဲ"
နာမည်ကြီး luxury beauty sloon ဖြစ်တာမို့ဆံပင်လုပ်သည့်ဈေးသည် သူမ၏လစာထက်ဝက်ခန့်ရှိတာမို့ ကဗျာလန့်သွားမိပါသည်။
" ဟန်သာ... ကျွန်မ မလုပ်တော့ဘူး ဈေးကြီးတယ်"
မှန်တင်ခုံပေါ်မှ ရမလားဆိုပြီးတောင်းပန်ကြည့်ပေမဲ့
" ငါ့ကိုအရှက်မခွဲနဲ့" ဟူ၍
ဒင်းက မျက်စောင်းကြီးသာပြန်ထိုးနေတာမို့ မျက် လွှာချကာ ပြန်ငြိမ်နေရသည်။
"သူပြောင်းဖူးမွှေးဖြစ်နေတာ ကျွန်တော်ဖြီးပေးရင် ပင်ပန်းတယ် ဒါ့ကြောင့် Germany နဲ့သာချ"
CZYTASZ
The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)
Fantasyရေကူး Champion ဟန်သာထူးကြည်တစ်ယောက် အနှိမ်ခံရသည့် ဝဝတုတ်တုတ်ကောင်မလေး ကဗျာနွေကိုအနိုင်ကျင့်ဗိုလ်ကျခဲ့ပြီးနောက်....... အိမ်နားကိုအသစ်ပြောင်းလာတဲ့ ကဗျာမေ ဆိုတဲ့ ကောင်မလေးကရော ကဗျာနွေနဲ့ ဘယ်လိုဆက်စပ်နေမလဲ Mature on ပြီး မင်းသားကအနည်းငယ်မုန်းစရာကောင်းပါ...
