အခန်း ( ၃ )

3.8K 396 31
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

ငြိမ်း......
ငြိမ်းကသူမအတွက်
ဟန်ဆောင်ခြင်းတွေနဲ့ ပူလောင်မုန်းတီးမှုတွေကြားက အေးငြိမ်းသည့်ခိုနားရာကလေး။
ချစ်ခြင်းဆိုတာဘာမှန်းမသိခင် စွဲလမ်းမှုနဲ့အစပြုခဲ့ရပြီး နှလုံးသားတစ်ခုလုံးကိုငြိမ်းချမ်းစေခဲ့သည့် သူမရဲ့ငြိမ်း ။

☘☘☘☘☘

အရေးပေါ်လူနာတွေ တစ်ယောက်ပြီးတစ်ယောက်ရောက်လာသည့်နေရာမှာ သူမဟာ လူနာကုတင်လေးပေါ်ငုတ်တုပ်ထိုင်ကာ ကြည့်နေမိတယ်။ဒီတစ်ခါဆေးရုံရောက်လာတာ နည်းနည်းတော့ပြင်းတယ်ပြောရမည်။ပြိုင်ပွဲလုပ်နေရင်းဖြစ်တာဆိုတော့ ကံမကောင်းလျင်သေတောင်သေနိုင်၏။

"မေမေရေ။လုပ်ပါဦးဆရာမမေမေ့ကိုရအောင်ကယ်ပေးပါဦးနော် "

ထပ်ဝင်လာပြန်ပြီ။သူမထိုင်နေရာ OPD ဌာနထဲဝင်လာသည့် လူနာကုတင်ပေါ်ကမိန်းမကြီးကို စိုးရိမ်ပူပန်နေရှာသည့် သမီးဖြစ်သူ၏ငိုယိုပြောဆိုနေသံ။အနည်းငယ်အကွာအဝေးလှမ်းသောထိုနေရာကို သူမအာရုံတွေအကုန်လုံးပို့လွှတ်ထား၏။မဟုတ်လျင် သူမလက်မောင်းမှဒဏ်ရာအား အစိမ်းလိုက်ချုပ်နေသည်ကိုကြည့်ရင်းနှင့် မေ့လဲသွားနိုင်သည်။
ရုတ်ချည်း ခန္ဓာကိုယ်ကနာကျင်မှုတွေပျောက်ဆုံးသွားသလိုပင်။
သူမမေ့လဲသွားတာတော့မဟုတ်။နတ်သမီးမြင်လိုက်ရတာ ။သက်ရှိနတ်သမီးကို မျက်ဝါးထင်ထင်မြင်လိုက်ရတာ။အစောကလူနာအန်တီကြီးဆီ လှမ်းလျှောက်လာနေတဲ့ ခြေလှမ်းသွက်သွက်တွေ။ထိုအန်တီကြီးကိုထိကိုင်နေတဲ့ လက်ချောင်းသွယ်လေးတွေ။နှုတ်ခမ်းလွှာလေးတွေဖွင့်ဟလာပြီ။စကားလုံးတွေ လှုပ်ရှားကခုန်နေစေသည်ထင်၏။သူမအားမရပါ။
တိုးညှင်းလွန်းနေသောနတ်သမီးလေး၏စကားသံတွေဟာ သူမနားဆီမထိုးဖောက်နိုင်။ပြီးလျင်တော့ဦးငယ်ကို သူမအကြားအာရုံစစ်ဆေးပေးဖို့ရန် အပူကပ်ရဦးမည်။

"မိုး...."

"အစ်ကို "

"အမေကဘယ်လိုဖြစ်တာလဲ"

ဌာနထဲ ဝရုန်းသုန်းကားပြေးဝင်လာတဲ့လူက နတ်သမီးလေးနှင့်သူမကြားက အမြင်အာရုံကိုပိတ်လိုက်လေပြီ။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now