အခန်း ( ၁၀ )

2.5K 278 6
                                    

🍁🍁🍁

ခြံရှေ့ရှိ ရွက်လှပန်းအိုးအနောက်မှာထားသည့် အိမ်သော့ကိုယူ၍ ခြံတံခါးကိုဖွင့်ကာဝင်လာခဲ့လိုက်သည်။
ရှင်းလင်းနေသော အိမ်ကလေး၏မျက်နှာစာဟာ သူ့ဘဝအတိုင်းပင် အရာရာလစ်ဟာနေသည်။ အိမ်တံခါးကိုဖွင့်ကာဝင်လိုက်ပြီး ဧည့်ခန်းထဲရှိ နှစ်ယောက်ထိုင်ဆက်တီခုံပေါ်၌ စိတ်ပင်ပန်းလွန်းစွာ လှဲချလိုက်မိသည်။နဖူးထက်ကိုလက်တင်၍ မော့ကြည့်မိတော့ ကျပ်ခိုးအနည်းငယ်ရှိနေသည့် မျက်နှာကျက်ဖြူဖြူကိုသာမြင်ရသည်။

"မမလေးက တံမြက်စည်းလှည်းနေတယ်ဆိုလို့ ကျွန်တော်က အံ့သြကြောင်းပဲပြောလိုက်တာပါ။ဆရာသာသိရင် အတော်စိတ်မကောင်းဖြစ်သွားမယ်ထင်တယ်လို့ "

"ဘာလို့အဲ့လိုပြောလိုက်ရတာလဲ "

"ကျွန်တော်က သိထားတဲ့အတိုင်း အမှန်အတိုင်းပြောမိရုံပါ။မမလေးက ရွှေလင်ဗန်းနဲ့အချင်းဆေးလာတဲ့ သူဌေးသမီးလေးလေ။ဆရာက မမလေးနည်းနည်းလေးလောက် ပင်ပန်းထိခိုက်မှာကိုတောင် သိပ်စိုးရိမ်တာ "

နားထဲပြန်ကြားယောင်လာသောစကားတို့ဟာ ရယ်ချင်စရာအပြည့်။
မွေးဖခင်က မာန် နည်းနည်းလေးလောက်ပင်ပန်းထိခိုက်မှာကိုတောင် စိုးရိမ်သတဲ့။ဒီလိုဆိုလျင် ဘာကြောင့်များ မယားပါသမီးအတွက်နဲ့ သူ့ကိုပါးရိုက်ခဲ့သလဲဟု မျက်နှာချင်းဆိုင်မေးခွန်းထုတ်လိုက်ချင်သည်။
ဦးသူရိန်လင်းဟာ အပြောတခြား၊အလုပ်တခြားနှင့် မေတ္တာရှိပါကြောင်း သိပ်ကိုဖော်ပြချင်သည်ထင်၏။ငယ်စဥ်ကသာ ဖခင်ဆိုသည့်လူတစ်ယောက်၏မေတ္တာကို မျှော်လင့်မိပေမယ့် ယခုတော့မလိုချင်တော့။ဥပေက္ခာတရားတွေနှင့်မဟုတ်ဘဲ အမုန်းတရားတွေနှင့် မာန် နေသားကျနေလေပြီ။
ဘောင်းဘီအိတ်ကပ်ထဲမှ တုန်ခါလာသည့်ဖုန်းကြောင့် လှဲနေရာမှထထိုင်ကာ ဖုန်းကိုယူကြည့်လိုက်တော့ ကြီးကြီးညွှန့်ခေါ်နေခြင်းပင်။ပေးရမည့်ဖြေရှင်းချက်တို့ဟာ အသင့်ရှိနေပြီးသားဖြစ်သောကြောင့် answer ခလုတ်ကိုနှိပ်လိုက်၏။

"ဟုတ်ကဲ့ကြီးညွှန့် "

မရပ်မနားတောက်လျှောက်ပြောသွားသည်ဟာ အိမ်ကိုပြန်မလာသောကြောင့် ဆူပူနေခြင်းပင်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now