အခန်း (၂၂)

2.3K 291 36
                                    

"ဘာဖြစ်နေတာလဲမာန်လေး ချိန်းထားတာရှိလို့လား "

ဆိုင်ခန်းထဲမှာစာရင်းလုပ်ရင်း နာရီတကြည့်ကြည့်ဖြစ်နေသည့်မာန့်ကို ကြီးညွှန့်ကမျက်စိနောက်လာဟန်တူသည်။မနေနိုင်တော့စွာ ထုတ်မေးလာ၏။

"ချိန်းထားတာထက် ကလေးကိုကျောင်းသွားကြိုရမှာမို့လို့ပါ"

"ဘယ်ကလေးလဲ ဟိုဘက်အိမ်နားက ကလေးတွေလား "

မာန်ပြောပြထားသောကြောင့် ဖူးဖူးနှင့်ကူးကူးကို ကြီးညွှန့်ကသိနေလေပြီ။သို့ပေမယ့် အခုသွားကြိုရမည့်ကလေးကိုတော့ ကြီးညွှန့်မသိသေးသောကြောင့် မာန် ခေါင်းအသာခါရမ်းလိုက်မိသည်။

"မဟုတ်ပါဘူး ကြီးညွှန့်ရဲ့။ဒီ‌နေ့ ငြိမ်းရဲ့သမီးလေးကို ကျောင်းသွားကြိုပေးပြီး ရေခဲမုန့်လိုက်ကျွေးမယ်ပြောထားလို့ပါ"

"ဒေါက်တာအေးငြိမ်းရဲ့ကလေးလား "

မာန် ပြုံး၍ပင် ခေါင်းညိတ်ပြမိသည်။

"ဘယ်နှနာရီမို့လို့လဲ "

"လေးနာရီမှပါ။ကြိုပြီး မုန့်ဆိုင်တန်းခေါ်သွားမှာလေ။မုန့်ကျွေးပြီးရင် ပြန်ပို့ပေးရမှာ "

"အလုပ်ပိုလိုက်တာမာန်လေးရယ်။သွားကြိုပြီး အိမ်ခေါ်လာခဲ့လိုက်ပါလား။အိမ်မှာပဲ မုန့်ဝယ်ကျွေးပေါ့ "

အိမ်ခေါ်လာတာကမှ ပိုပြီးအလုပ်ပိုမည်ကို ကြီးညွှန့်မသိလေသလားဟု မာန်တွေးမိသွားသည်။သို့ပေမယ့် ဆက်ပြောလာသည့်စကားကြောင့် မာန် ထိုသို့လုပ်ဖို့ရာပဲ ရွေးချယ်လိုက်ရသည်။

"ဒေါက်တာ့‌ကလေးကို ကြီးကြီးလည်း‌မြင်ဖူးချင်လို့ အိမ်ကိုပဲခေါ်လာလိုက်ပါလား။ကြီးကြီး ယုမွန်ကို မုန့်တွေဝယ်ခိုင်းထားလိုက်မယ် လေ"

"အဲ့လိုအဆင်ပြေရင်လည်း အဲ့လိုလုပ်တာပေါ့ "

"အဲ့ဒါဆိုသွားတော့လေမာန်လေး။သုံးနာရီခွဲပြီးနေပြီ။ဆိုင်ကယ်နဲ့မသွားနဲ့ ဦးစိုးမပြန်သေးဘူး။ဦးစိုးကို ကားနဲ့လိုက်ပို့ခိုင်း "

"ဟုတ်ကဲ့ကြီးညွှန့် "

မာန် ကျောင်းရှေ့ကို ရောက်သွားသည့်အခါတွင်တော့ သုံးနာရီလေးဆယ့်ငါးရှိနေလေပြီ။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now