အခန်း (၂၆)

2.4K 253 37
                                    

ဘုရားရင်ပြင်ထက် မီးရောင်အောက်မှာ ရှုပ်ယှက်ခတ်စွာသွားလာနေသော လူတွေကို လိုက်ငေးကြည့်ရတာ မာန် တကယ်ကိုပင် မျက်လုံးညောင်းနေလေပြီ။ပိတ်ရက်ဖြစ်သောကြောင့် ပုံမှန်ရက်တွေထက်ပင် ဘုရားပေါ်မှာလူစည်ကားနေ၏။

နောက်ဆုံးတွင်တော့ အရှေ့ဘက်စောင်းတန်းမှလျှောက်လှမ်းဝင်လာသည့် လူအုပ်ကြားထဲတွင် မျှော်လင့်နေသည့်လူကို မြင်လိုက်ရသောကြောင့် မာန် ထိုင်ရာမှထလိုက်မိသည်။

အစိမ်းရင့်ရောင် ဇာပိတ်လက်တိုရင်ဖုံးဝမ်းဆက်လေးနှင့် လှချင်တိုင်းလှနေသည်က မာန့်၏ငြိမ်း။

ကျောလယ်ထိရှည်သောဆံနွယ်တို့ကို မပြေမလျော့ ခပ်ဖွဖွစည်းနှောင်ထား၏။ပိုက်ဆံအိတ်ကလေးကို ပခုံးတစ်ဘက်မှာလွယ်၍ လက်တစ်ဘက်ကတော့ ကတ္တီပါဖိနပ်ပါးလေးကိုကိုင်ကာ မမမေနှင့်အတူ မာန်ရှိရာလျှောက်လာလေသည်။

"စောင့်နေရတာကြာပြီလား....."

"ဟုတ်ကဲ့ ကြာပါပြီ "

မာန့်အနားကိုလာရပ်၍ ခပ်တိုးတိုးမေးလာသည့် ငြိမ်း၏မေးခွန်းကို အသာအယာ ခေါင်းခါပြလိုက်ပေမယ့် ချက်ချင်းပင်အဖြေပေးလိုက်သည့် နွေရိပ်ဖူးကို တားဆီးရန်အချိန်မမီလိုက်။

"ကဲပါ လူစုံပြီဆိုတော့ ဘုရားပေါ်တက်ကြစို့လေ "

မမမေနှင်းက စကားစဖြတ်ကာပြောလိုက်သည်နှင့် နွေရိပ်ဖူးက မာန့်လက်ကိုလာတွဲလေသည်။ထိုအချိန်ခဏလေးအတွင်းမှာပင် ငြိမ်းက အလိုမကျသည့်နှယ် မျက်မှောင်တစ်ချက်ကျုံ့လိုက်သည်ကို မာန် သတိထားလိုက်မိသည်။ထို့ကြောင့် မသိမသာရုန်းထွက်မိပေမယ့် ထိုကလေးမဆုပ်ကိုင်ထားသည်မှာတင်းကျပ်လွန်းနေ၏။

ဘုရားဖူးသူများပြည့်ကျပ်နေသောကြောင့် ဝတ်ပြုမည့်နေရာအရောက်တွင်တော့ မာန်တို့လူချင်းကွဲသွားရသည်။ကလေးနှစ်ယောက်က မမမေခေါ်ဆောင်ရာပါသွားသလို မာန့်ဘေးနားမှာ ငြိမ်းသာကျန်ရစ်နေခဲ့သည်။

"ဟိုဘက်ရုပ်ပွားတော်အထိ လိုက်သွားမလား "

"မလိုက်တော့နဲ့လေ ငြိမ်း။ဒီနားမှာနေရာနည်းနည်းလွတ်နေတာဆိုတော့ ဒီမှာမှာပဲကန်တော့ကြရအောင် "

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now