အခန်း ( ၁၃ )

2.5K 256 14
                                    

နွေ......နွေဟုမခေါ်ဆိုနိုင်သေးသည့် ရွက်ကြွေကူးကာလ။ပုံမှန်နွေဦးတွေထက် အရောင်အသွေးစုံလင်လှသည့်နွေဦး။အဝါရောင်တမာရွက်ကြွေတွေ တဖွဲဖွဲကြွေကျနေသည့်အခိုက်အတန့်မှာ ဆေးစက်ချ၍မမီနိုင်သည့် သက်ရှိအလှပန်းချီတစ်ချပ်ကို သူမျက်ဝါးထင်ထင်ငေးကြည့်နေရသည့်နှယ်။

ခရမ်းနုရောင်မြန်မာဝတ်စုံလေးကို လိုက်ဖက်စွာဆင်မြန်းထားသည့်အမျိုးသမီးဟာ လေပြည်၏စည်းချက်ကိုကြားနာနေရသည့်နှယ်ယိမ်းနွဲ့၍ မြေပြင်ပေါ်ဖြန့်ခင်းထားသည့်တမာရွက်ကြွေများထက် နှုတ်ခမ်းပါးထက်အပြုံးနုနုတို့ခိုတွဲကာ ညင်သာစွာနင်းလျှောက်နေ၏။
ဖြူဖွေးဖွေးအရေပြားနှင့်  သွေးကြောစိမ်းတို့ယှက်ဖြာနေမြဲဖြစ်သည့်သူမခြေဖဝါးထက်မှာ ယခုတော့ မြေပြင်ထက်မှဖုန်သဲတို့က‌ ‌ခြေဖမိုးဖြူဖြူတို့ကို အနည်းငယ်ညစ်ပေစေလေပြီ။ထိုအခြင်းအရာကိုမြင်မှ အသိဝင်လာသည့်နှယ် မလှမ်းမကမ်းမှာရပ်တန့်နေမိသည့်‌ခြေလှမ်းတို့ကို သူမရှိရာဦးတည်တိုးကပ်သွားမိတော့သည်။သူ့ကိုမြင်သည့်အခါတွင် သူမအပြုံးတို့က ပိုမိုအသက်ဝင်လာသယောင်ပင်ထင်လိုက်မိ၏။

"ကလေးလားငြိမ်းရယ်.....ဖုန်တွေပေကုန်ပြီလေကွာ "

သူမရှေ့၌ဆောင့်ကြောင့်ထိုင်ချ၍ ‌ခြေဖဝါးထက်မှဖုန်တို့ကို လက်ဖဝါးနှင့် ညင်သာစွာပွတ်ခါပေးမိသည့်အခါ နှလုံးသားမှတိုးဝင်လာသည့် နူးနူးညံ့ညံ့ကြည်နူးစိတ်ကြောင့် မာန် အလိုလိုပင်ပြုံးမိသွားရသည်။

"ဘာပြုံးတာလဲ "

မေးခွန်းတစ်ခုက နားထဲချိုမြိန်စွာတိုးဝင်လာသော‌ကြောင့် အပြုံးတို့မပျက်ပြယ်သေးဘဲ သူမမျက်နှာကိုမော့ကြည့်လိုက်တော့ နားမလည်သည့်ဟန် မာန့်ကိုငုံ့မိုးကြည့်နေ၏။

"ကြည်နူးလို့လေ.....မာန်သဘောကျရတဲ့နွေဦးမှာ သဘာဝပန်းချီတစ်ခုလို ငြိမ်းကသိပ်ပြီးမြတ်နိုးစရာကောင်းနေလို့....ပြီးတော့ "

စကားတို့ကိုရပ်တန့်၍ သွေးကြောစိမ်းတို့အနည်းငယ်ပေါ်လာပြီဖြစ်သည့် ခြေဖမိုးဖြူဖြူလေးကိုငေးစိုက်ကြည့်လိုက်ပြီး

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now