အခန်း (၂၇)

2.4K 217 34
                                    

Note

အရင်အပိုင်းက comment reply တွေကြောင့် စိတ်အနှောက်ယှက်တစ်စုံတရာ
ဖြစ်ခဲ့ရရင် ကြားထဲက ကိုယ်တောင်းပန်ပါတယ်။

____________#####______________

🍁🍁🍁

"ငြိမ်းရဲ့လက်စွပ်မှာလေ ထူးထူးခြားခြားအမှတ်အသားရှိလားမမမေ "

"ဘယ်လိုမျိုးလဲ "

"အပြင်မှာဖြစ်ဖြစ်၊အတွင်းမှာဖြစ်ဖြစ် ထွင်းထားတာ တစ်ခုခုပေါ့ "

မာန့်မေးခွန်းကို မမမေက စဉ်းစားသလိုခေတ္တမျှငြိမ်နေ၏။

"မပါဘူးထင်တယ်။‌နေဦး မပါဘူးဆိုမှ အတွင်းထဲမှာတော့ အင်္ဂလိပ်အက္ခရာအကြီးနဲ့ AN ဆိုပြီးပါတယ်ထင်တယ်။အေးငြိမ်းပြောတာကြားဖူးတယ်။မာန်လေးကဘာလုပ်မလို့လဲ "

မမမေ၏ကုတင်ပေါ် မာန် ကန့်လန့်ဖြတ်လှဲချလိုက်ပြီး မျက်နှာကျက်ကိုစိုက်ကြည့်၍

"ငြိမ်းက ရှာမတွေ့ဘူးလို့ပြောလို့ပါ။အကယ်၍ လုံးဝရှာလို့မတွေ့ရင် လက်စွပ်ပြန်လုပ်ပေးမလို့ "

"ဘာလို့လုပ်ပေးမှာလဲ။မာန်လေးကြောင့်ပျောက်သွားရတာလည်းမဟုတ်ဘဲနဲ့ "

မျက်နှာကျက်ကိုကြည့်နေရာမှ မမမေရှိရာဘက်ကိုလှည့်၍ ခေါင်းအောက်ကိုလက်ခုကာ အလှပြင်နေသည့် မမမေကိုစိုက်ကြည့်နေမိသည်။

"ငြိမ်းရဲ့ခင်ပွန်းကချောလားဟင်၊ဒါမှမဟုတ်ခန့်တာလား "

"မမမေးတာကိုပဲဖြေစမ်းပါမာန်လေးရဲ့။အေးငြိမ်းလက်စွပ်ပျောက်သွားတာက မာန်နဲ့ဘာဆိုင်လို့လဲ "

"ငြိမ်းအတွက် မင်္ဂလာလက်ဖွဲ့မပေးရသေးလို့လေ။မာန်က မင်္ဂလာလက်ဖွဲ့ပေးလို့ရတဲ့ဆက်ဆံရေးအတွင်းတော့ ရှိသေးတယ်မလား။ဒီလောက်လေးတော့ ဂုဏ်ပြုပေးလို့ရတယ်မလား....ဟင် မမမေ "

မမမေက ထိုင်ခုံမှထလာပြီး မာန့်ဘေးမှာ အသာဝင်ထိုင်လိုက်သည်။

"ငြိမ်းနဲ့လမ်းခွဲခဲ့တာ ဦးလေးကြောင့်မလား "

ရုတ်တရက် မထင်မှတ်ထားသည့်မေးခွန်းကြောင့် မာန် ခေတ္တမျှအံ့အားသင့်ကာ မမမေကိုကြောင်ကြည့်နေမိသည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now