အခန်း ( ၉ )

2.7K 298 10
                                    

ကြီးကြီးညွှန့်၏သွေးတိုး၊ဆီးချိုရောဂါနှင့်ပတ်သက်၍ သိပြီးသားအကြောင်းအရာတွေကိုပဲ ပြောပေလိမ့်မည်ဖြစ်သောကြောင့် ဆရာဝန်ကြီးဆီသို့ ကိုဟိန်းဇော်နှင့်သာလွှတ်လိုက်ပြီး မာန် ကားပါကင်မှာပင်နေရစ်ခဲ့လိုက်သည်။

"ငယ်ရွယ်သူဖြစ်တော့လည်းချစ်တာပဲ....ဦးစားပေးသိနေတယ်...အတွေးခက်တဲ့ဇာတ်လမ်းမှာ ကြားလူတွေဖြတ်လို့တော့နောက်မဆုတ်ဘူး စမိတဲ့အချစ်တွေကိုရုတ်သိမ်းဖို့မတောင်းဆိုနဲ့ ကိုယ့်အသိထဲမင်းတစ်ယောက်ပဲ...."

ကားထိုင်ခုံကိုကျောမှီ၍ radio မှလာနေသောသီချင်းကို ခပ်တိုးတိုးညည်းရင်း မျက်စိရှေ့မှာမြင်နေရသည့် လှုပ်ရှားမှုများကို အကြောင်းပြချက်မရှိ ငေးကြည့်နေမိသည်။ထိုစဥ်မှာပင် မျက်စိရှေ့မှာဖြတ်သွားသည့် ရင်းနှီးလှသောကျောပြင်လေးကြောင့် မာန်ကားထဲမှအမြန်ပင်ထွက်လိုက်မိသည်။

နောက်ကကြည့်ရုံနှင့်ပင် smart ဖြစ်လွန်းလှသော အမျိုးသားတစ်ယောက်၏ကျောပြင်နှင့် တွဲဖက်မြင်လိုက်ရသည့် မာန်ပိုင်ချင်သည့်ကျောပြင်ငယ်လေးကြောင့် ရင်ထဲမှာပူလောင်လာရ၏။

"ငြိမ်း......"

ဖြစ်ချင်ရာဖြစ်ဂရုမစိုက်နိုင်တော့။ခြေလှမ်းကျဲကျဲတို့နှင့် အမှီလျှောက်ပြီး ထိုအမျိုးသမီး၏အမည်နာမကိုခေါ်ကာ နောက်မှနေ၍ သူမလက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်မိတော့ လှည့်ကြည့်လာသည့်မျက်ဝန်းတို့မှာ အံ့အားသင့်မှုတို့ဟာအထင်သား။

ချက်ချင်းမှာပင် မာန့်လက်ထဲမှရုန်းထွက်ဖို့ရာကိုလည်း ငြိမ်းဟာမမေ့လျော့ခဲ့ပါ။လစ်ဟာသွားသောလက်ဖဝါးကြောင့် မာန် အလိုလိုလက်သီးဆုပ်လိုက်မိသည်။ရင်ဘတ်ထဲမှလစ်ဟာမှုကိုတော့ မသိကျိုးနွံသာပြုလိုက်ရ၏။

ငြိမ်းကိုတစ်လှည့်၊မာန့်ကိုတစ်လှည့် နားမလည်သလိုကြည့်နေသော ငြိမ်းဘေးမှ လူကြီးလူကောင်းစတိုင်လ်အပြည့်နှင့်အမျိုးသားကို မာန်တစ်ချက်စူးရဲစွာကြည့်လိုက်ပြီး စိတ်ကိုလျော့ချလိုက်ကာ ငြိမ်းထံသို့ အကြည့်တို့ကိုပြန်လည်ဦးတည်လိုက်မိ၏။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now