အခန်း (၃၁)

3.6K 302 29
                                    

အငယ်ပြန်ရောက်လာကတည်းက ငြိမ်း၏နေ့ရက်တွေဟာ အရောင်စုံကာပိုမိုလှပလာခဲ့သလိုပင်။ယနေ့လည်း ဂျူတီချိန်ပြီးလျင် နှစ်ယောက်တည်း ဘုရားသွားချင်ပါသည်ဟုအသိပေးထားသောကြောင့် နားနေခန်းထဲမှာ ပစ္စည်းတွေသိမ်းရင်း အိမ်ပြန်ရောက်ဖို့ကိုသာစိတ်စောနေမိသည်။

ထိုစဉ်မှာပင် တစ်စုံတစ်ခုကိုသတိရမိသည့်အတွက် အံဆွဲကိုဖွင့်၍ ချောင်ထိုးထားမိသည့် လက်စွပ်ကလေးကိုထုတ်ယူလိုက်သည်။

ငြိမ်း၏လက်သူကြွယ်မှာ အချိန်အတော်ကြာနေရာယူခဲ့သော ထိုလက်စွပ်လေးကို သေသေချာချာ ကြည့်မိသည်။အတွင်းဘက်မှာထွင်းထားသည့် စာလုံးလေးနှစ်လုံးဟာ ငြိမ်းမဖြေရှင်းနိုင်ခဲ့သည့် ပုစ္ဆာတစ်ပုဒ်လိုပင်။

သက်ပြင်းဖွဖွချ၍ ထိုလက်စွပ်လေးကို ပိုက်ဆံအိတ်ထဲသို့ထည့်လိုက်သည်။သူတို့ဘက်ကရှေ့နေထပ်ရောက်လာလျင်တစ်ခါတည်းပေးလိုက်ရမည်။ဒါမှသာ သူတို့နှင့် ပြဿနာအားလုံးရှင်းပြီးသွားပြီဟု သတ်မှတ်၍ ငြိမ်း စိတ်အေးရပေလိမ့်မည်။

"အစ်မထက်လျှံ "

နားနေခန်းအပြင်သို့ရောက်သည့်အချိန်၌ ရင်းနှီးနေသည့်နာမည်ခေါ်သံတစ်ခုကြောင့် ငြိမ်း ခြေလှမ်းတို့ကိုရပ်တန့်လိုက်ရသည်။
လှည့်ကြည့်မိတော့ ရှပ်လက်တိုနှင့်ပုဆိုးကိုတွဲဖက်ဝတ်ဆင်ထားပြီး သူ့ရဲ့ပုံမှန်ဆွဲဆောင်မှုအတိုင်း ရှင်းသန့်စွာကြည့်ကောင်းနေသော မင်းသက်ဝေက ငြိမ်းနှင့်မျက်နှာချင်းဆိုင်မှာရှိနေသည်။

"ဪ မင်းသက်ဝေ....ဂျူတီပြန်ဝင်နေတာလား "

သူက အပြုံးတို့နှင့် ငြိမ်းကိုနှုတ်ဆက်လာပေမယ့် အနည်းငယ်ဖျော့တော့နေသော သူ့မျက်လုံးတို့ကြောင့် ငြိမ်း အားနာစိတ်ဝင်သွားမိသည်။

"ဂျူတီပြန်မဝင်သေးပါဘူး။အစ်မနဲ့‌ စကားအေးအေးဆေးဆေးပြောချင်လို့ လာလိုက်တာ။အချိန်ရမယ်ဆိုရင် ကျွန်တော်နဲ့ တစ်နေနေရာမှာစကားပြောရအောင်"

သူ့တောင်းဆိုချက်အတိုင်းပင် ဆေးရုံနားရှိလူရှင်းသည့်ကော်ဖီဆိုင်တစ်ခုသို့ ငြိမ်း လိုက်ပါလာခဲ့ရသည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWo Geschichten leben. Entdecke jetzt