အခန်း (၁၈)

2.1K 251 30
                                    

ကုတင်ထက်မှာ Anne လေးက အသက်ရှူသံမှန်မှန်နှင့် နှစ်ခြိုက်စွာအိပ်ပျော်သွားသည့်အတွက် ငြိမ်း ကုတင်ပေါ်မှဆင်းကာ စောင်ပါးလေးကို ကလေးခန္ဓာကိုယ်ထက် လွှမ်းခြုံပေးလိုက်သည်။ထို့နောက် မနမ်းရတာကြာပြီဖြစ်သည့် ပါးပြင်လေးကို ခပ်ဖွဖွနမ်း၍ အခန်းထဲမှထွက်လာခဲ့သည်။

တိုက်ထဲမှာ လူတစ်ယောက်မှမတွေ့သောကြောင့် ပန်းပင်တွေရှိလာဆင်းလာမိတော့ ကိုကိုထိုင်နေသည်ကို တွေ့လိုက်ရ၏။

"ကိုကို...."

"ဪ အေးငြိမ်း....သမီးကရောအိပ်သွားပြီလား "

"အင်း နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်သွားပြီ "

စကားပြောနေရင်းမှ ကိုကိုနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်လိုက်လိုက်မိသည့်အခါ စားပွဲထက်၌ပြန့်ကျဲနေသည့် စီးကရက်တိုများကြောင့် ငြိမ်း အလိုလိုမျက်မှောင်ကျုံ့လိုက်မိသည်။

"စိတ်တွေပင်ပန်းနေရတာကို နားလည်ပေမယ့် အခုလိုမျိုးတော့ စိတ်ထွက်ပေါက်မရှာပါနဲ့လားကိုကိုရယ်။ဒီလုံပုံစံက ကိုကိုနဲ့မလိုက်ဖက်ဘူး "

ကိုကိုကသက်ပြင်းဖွဖွချသည်။
ထို့နောက် မှိုင်းညှို့နေသောမျက်ဝန်းတို့ဖြင့် ငြိမ်းကိုကြည့်လာ၏။

ကိုကို့ပုံစံကိုမြင်ရတာ ငြိမ်းသိပ်ကိုရင်နာရသည်။ငယ်စဉ်ကတည်းက ငြိမ်းရှေ့မှာ အပြုံးမျက်နှာကိုပဲ အများဆုံးပြသခဲ့သည့်အတွက် ကိုကိုယခုလိုမျိုး အားငယ်နာကျင်နေရတာက ငြိမ်းကိုလည်း ထပ်တူနာကျင်စေသည်။

"ရင်ဆိုင်ရမှာတွေကိုတွေးကြည့်ပြီး ငါကြောက်တယ်အေးငြိမ်းရယ်။ငါ့ဘေးမှာ နင်နဲ့သမီးကလွဲပြီး ဘာမှမကျန်တော့မှန်းသိရက်နဲ့ သူတို့တအားယုတ်မာလွန်းကြတယ် "

စကားလုံးတို့မှာ ကိုကို့ရဲ့နာကျည်းခြင်းတွေကို ငြိမ်းခံစားလို့ရနေသည်။ငြိမ်းကိုယ်တိုင်လည်း ဘယ်လိုကူညီပေးရမှန်းမသိတော့။

"ရှေ့မျက်နှာနောက်ထားပြီးပဲ ငါတစ်ခုပြောပါရစေအေးငြိမ်း "

ထိုစကားတို့ကိုပြောပြီး ကိုကိုက ထိုင်ရာမှထကာ ပန်းပင်တွေဘက်မျက်နှာမူ၍ ငြိမ်းကိုကျောခိုင်းရပ်လိုက်သည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now