အခန်း (၃၃)

4K 227 41
                                    

ဝမ်းဗိုက်ဆီမှနာကျင်နေသောခံစားချက်တို့နှင့် သူမနိုးထလာခဲ့မိသည်။

"အ...!!.."

အိပ်ရာမှထထိုင်မိချိန်တွင် နာကျင်လွန်းသောကြောင့် ဗိုက်ကိုဖိနှိပ်၍ နှုတ်ခမ်းပါးမှညည်းသံပင်ထွက်သွားမိ၏။

"ဘာလုပ်ချင်လို့လဲ လုပ်ချင်တာရှိလည်းမလုပ်နဲ့ဦး ငြိမ်ငြိမ်လေးထိုင်နေ"

ကြားလိုက်ရသည့်အသံတစ်‌ခုကြောင့် ယခုမှပင် အခန်းပတ်လည်ကို သူမသေချာကြည့်မိတော့သည်။မီးအလင်ရောင်နှင့်အတူတွေ့လိုက်ရသည်က ဝရံတာမှန်တံခါး၌ လက်ပိုက်ကာမှီရပ်နေသည့် မမမုန်းကိုပင်။

"မ...မမမုန်း "

နှုတ်ခမ်းပါးမှ ထိတ်လန့်မှုတို့နှင့်ခေါ်သံထွက်သွားမိသည်။

"ညကဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သတိရသေးလားနွေရိပ်ဖူး "

ခြေလှမ်းတို့ရှေ့ဆက်မတိုးလာဘဲ ထိုနေရာမှပင် တင်းမာခက်ထန်နေသောမျက်နှာနှင့် သူမကိုမေးခွန်းထုတ်နေသောကြောင့် အကြည့်ချင်းမစုံ‌နိုင်ဘဲ ရှောင်လွှဲမိသည်။ထိုအခါမှ အိပ်ခန်းဟာ သူမအခန်းမဟုတ်ကြောင်းသတိထားမိတော့၏။

"ဒါ....ဒါ....မမမုန်းရဲ့အခန်းမလား....ဖူးကဘယ်လိုလုပ် "

"မင်းကဘယ်လိုလုပ်ရောက်နေတာလဲဆိုတော့ ငါခေါ်လာတာလေ.....ဦးသူရိန်လင်းရဲ့သမီးနေရာကိုယူထားရင်လည်း အဲ့ဒီအခွင့်ထူးခံနေရာကိုအသုံးချပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာလေညက်တော့ မင်းလုပ်တတ်ရမယ်.....မင်းအဆင့်က လမ်းဘေးမှာ ဆွဲလားရမ်းလားလုပ်ခံရမယ့်အဆင့်တော့ မဖြစ်သင့်ဘူးမလား "

ထိုအခါမှ ညကကိစ္စကို သူမအမှတ်ရတော့သည်။ဟိုကောင်ဆွဲလားရမ်းလားလုပ်နေလို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မေ့သွားတာကိုပဲသတိရ၏။သိုပေမယ့် မမမုန်းက ဘာကြောင့်သိနေသလဲဆိုတာ သူမမမှတ်မိ။

"မမမုန်း...အဲ့ဒါက....."

"ထားပါ....မင်းဘာသာမင်းဘယ်လိုပဲဖြစ်နေဖြစ်နေ ငါနဲ့မဆိုင်ဘူး။ဒီမှာရှိနေကြောင်း မင်းအိမ်ကို သွားပြောခိုင်းထားတယ်။ဗိုက်ကအရမ်းအောင့်နေရင် ဆေး‌ခန်းလေးဘာလေးပြပေါ့။နောက်တစ်ခါ ငါ့မျက်စိရှေ့မှာ အခုလိုပုံစံမျိုးနဲ့ပေါ်မလာနဲ့ မုန်းတဲ့စိတ်ထက် ရွံတာပါထပ်တိုးလာလိမ့်မယ် "

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now