အခန်း ( ၇ )

2.5K 293 8
                                    

သူကဒဏ်ရာတွေကိုဖွင့်ချပြခဲ့ရုံပါ
ကိုယ့်ကိုကိုယ်မသိလိုက်ခင်မှာပဲ
ရင်နှင့်အမျှ သူ့ဒဏ်ရာတွေကို
မျှဝေခံစားပေးနေမိတယ်
ဒါကိုပင်
ကိုယ်ဟာ သူစိမ်းလို့သတ်မှတ်နေမိတုန်း.....

🍁🍁🍁🍁🍁

"မမ..."

ငြိမ်းကိုမြင်သည်နှင့် လှဲအိပ်နေရာမှထထိုင်လိုက်သောဖူးဖူးလေးကြောင့် ပြုံးလိုက်မိသည်။
ကုတင်ဘေးရှိ လူနာစောင့်ထိုင်သည့်သစ်သားခုံရှည်လေးမှာ ငြိမ်းဝင်ထိုင်လိုက်သည်။မနေ့ကနှင့်ယှဥ်လျင် မျက်နှာလေးပို၍လန်းလာသောဖူးဖူးကြောင့် စိတ်ချသွားမိ၏။

"နေရတာသက်သာရဲ့လားဖူးဖူး "

"ဟုတ်ကဲ့ ။မနေ့ကထက်စာရင် အများကြီးအဆင်ပြေပါတယ် ။မမကဒီနေ့ဆေးမကုရဘူးလားဟင် "

"အင်း....မမကဒီနေ့နားရက်လေ"

ပြောနေရင်းမှပင် ကလေးဘေးနားလေး လူနာစောင့်တစ်ယောက်မှရှိမနေတာကို ငြိမ်းသတိထားမိသွားရ၏။

"ဖေဖေကရောဖူးဖူး "

"ဖေဖေကအလုပ်သွားတယ် ။မေမေက ဆရာဝန်ကြီးဆီခဏသွားတယ် "

"သြော်....မေမေလာစောင့်ပေးတာလား "

"ဟုတ်ကဲ့ "

အရေးပေါ်လူနာဆောင်ရှေ့ရောက်ပြီး မုန်းမြတ်မာန်၏ညီမလေးကို သတိရသွားသောကြောင့် အဆင်ပြေသလားလာကြည့်မိသည်။ယခုတော့ ဘာဆက်ပြောရမလဲမသိတော့။နေရာမှာပင်ထိုင်၍ အဆောင်ထဲရှိလူနာများကို အကဲခတ်နေမိ၏။

"မမကအသက်ဘယ်လောက်ရှိပြီလဲဟင်။ဖူးမှာလည်း မမတစ်ယောက်၊ညီမလေးတစ်ယောက်ရှိတယ် "

"ဟုတ်လား ။မမအသက်က ၂၄ နှစ်ပြည့်ပြီးပါပြီရှင်။မမမှာတော့ ဖူးဖူးလိုမျိုးညီအစ်မတွေမရှိဘူး "

ငြိမ်းစကားကို ကလေးလေးက ခေါင်းတညိတ်ညိတ်နှင့်နားထောင်နေသည်မှာ လူကြီးလေးတစ်ယောက်အလားပင်။

"ရှိလည်းအတူတူမနေရပါဘူးမမရယ်။မမမုန်းက ဖူးကိုသိပ်မုန်းတာ "

ကြည်လင်နေသောမျက်ဝန်းလေးများက အနည်းငယ်အရောင်လဲ့လာပြီး ငြိမ်းကိုကြည့်လာသည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now