အခန်း (၃၂)

1.8K 221 21
                                    

ကြီးကြီးညွှန့်က အိမ်မှာပင် ဘုန်းကြီးတွေဆွမ်းကပ်မည်ဖြစ်သောကြောင့် မမမေနှင့်အတူ ငြိမ်းဟာ ကြီးညွှန့်၏တိုက်သို့ ပါသွားလေ၏။ကြီးညွှန့်က ဇွတ်အတင်းခေါ်နေပေမယ့်လည်း ဖေဖေနှင့်မတွေ့ချင်သေးဆိုသည့်အကြောင်းပြချက်ပေး၍ မာန် လိုက်မသွားခဲ့။

အမှန်တကယ်တော့ ဖေဖေနှင့် ရှင်းစရာရှိသည်ကို ရှင်းရမည်ဖြစ်သောကြောင့် ငြိမ်းတို့ထွက်သွားပြီးမကြာခင်မှာပင် ဖေဖေ့‌ဆီသို့မာန် ထွက်လာခဲ့လိုက်သည်။

ဖေဖေ့တိုက်ဟာ လမ်းမကြီးနှစ်ခု၏အလယ်မှာရှိနေ‌သည်ဖြစ်သောကြောင့် ကြီးညွှန့်တိုက်နှင့်မျက်နှာချင်းဆိုင်ဖြစ်သည့် တံခါးမကြီးဘက်မှမဝင်ဘဲ တစ်ဘက်လမ်းရှိ ဆိုင်ခန်းပေါက်ဝမှ ဝင်လိုက်သည်။မတော်တဆ ငြိမ်းမြင်သွားမှ မာန် ဖြေရှင်းရခက်မည်ကို စိုးလှ၏။

လပြည့်ဥပုလ်တိုင်း အလုပ်ပိတ်နေကျ‌ဖြစ်သောကြောင့် သံဘာဂျာတံခါးကိုဆွဲဖွင့်ပြီးတိုက်ထဲဝင်လာသည်အထိ လူတစ်ယောက်မှမတွေ့သေး။ထမင်းစားခန်းဘက်မှ အသံသဲ့သဲ့ကြားလိုက်ရသောကြောင့် မာန့်ခြေလှမ်းတို့ကို ထိုနေရာဆီဦးတည်လိုက်သည်။

"ဖေဖေ...."

"မ....မမမုန်း "

ချစ်လှစွာသောသမီးနှစ်ယောက်နှင့် ဇနီးဖြစ်သူတို့ဝန်းရံ၍ မနက်စာစားနေသောဖေဖေဟာ မာန့်ကိုမြင်လိုက်ရသည့်အခါ လွန်စွာထိတ်လန့်သွားကြောင်းကို ဖေဖေ့မျက်နှာထက်၌ မြင်လိုက်ရ၏။

ဖေဖေ့နည်းတူ အားလုံး၏မျက်နှာထက်မှာ အံ့ဩထိတ်လန့်မှုတို့ အထင်းသားဖြစ်နေသည်ကို မာန် ဂရုမစိုက်စွာ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး

"စကားခဏပြောချင်လို့ ကျွန်မအခန်းထဲလိုက်ခဲ့ပေးပါ‌ဖေဖေ။ကျွန်မအခန်းတော့ ရှိသေးတယ်မလား ဒေါ်နှင်းမြရိပ် "

"ရှိ....ရှိပါတယ်မာန်လေး "

ဖြောင်းတန်းစွာထွက်မလာသည့် ထိုအမျိုးသမီး၏အဖြေစကားဆုံးသည်နှင့် အပေါ်ထပ်ရှိ တစ်ချိန်က မာန်နေဖူးခဲ့သော အခန်းဆီ တက်လာခဲ့လိုက်သည်။

စိတ်လှုပ်ရှားနေမှုကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းချုပ်ပြီး အခန်းတံခါးကိုဖွင့်လိုက်မိသည့်အခါ အံ့အားသင့်မှုတို့က အလုံးအရင်းဝင်ရောက်လာရ၏။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now