အခန်း ( ၁၂ )

2.5K 289 17
                                    

မာန့်မျက်လုံးရှေ့မှာ အစုံမြင်နေရ၏။
အုတ်ဂူရောင်စုံတွေ၊သစ်ရွက်ကြွေတွေ ပေတရာလမ်းမထက် တဝီဝီဖြတ်သွားတဲ့ကားတွေ။ထိုအရာတွေအားလုံးအား အမျိုးသမီးတစ်ဦးကိုကျော်လွန်၍ ငေးကြည့်နေရသည်မှာ မာန့်အတွက် သိပ်တော့အဆင်မပြေလှ။မျက်စိရှေ့မှာ ဒေါသမာန်အပြည့်နှင့်ဖုန်းပြောနေသည့် အမျိုးသမီးကို မျက်လုံးချင်းမဆုံမိအောင်ရှောင်နေရ၏။

"နောက်တစ်ခါ accident ဖြစ်လို့ကတော့ ဘာမှဂရုစိုက်ပေးမနေနဲ့.....ဒါပဲ အိမ်ပြန်ရောက်မှတွေ့မယ် "

"ဂလု "

တံတွေးမြိုချမိသည့်အသံဟာ သူ့နားထဲမှာအတော်ပင်ကျယ်လောင်သွားရ၏။ ငြိမ်းများကြားမိသွားသလားဟူသည့် မဝံ့မရဲစိတ်နှင့်ကြည့်မိတော့ နေရာမှာပင် အေးစက်တောင့်တင်းသွားသလိုပင် ခံစားလိုက်ရ၏။
မြတ်နိုးရသည့်အမျိုးသမီးဟာ သူ့ကိုလက်ပိုက်ရပ်လျက် စူးစိုက်ကြည့်နေ၏။

"ဒီနေရာမှပဲအိပ်ရတော့မှာလား "

"မဟုတ်....ပြန်...ပြန်မယ်လေငြိမ်းရဲ့....အယ်....ငြိမ်းကဒီကိုဘယ်လိုရောက်နေတာလဲ "

သူနှင့်တွေ့ပြီးနောက် လူကြီးပီပီ မာန့်သူငယ်ချင်းတွေကို ဆိုင်ကယ်ပြိုင်စီးခြင်းဟာ အန္တရာယ်များကြောင်းရှင်းလင်းပြောပြပြီး လောင်းကြေးတောင်မယူရသေးဘဲ ပြန်လွှတ်လိုက်၏။
ထို့နောက် မမမေကိုဖုန်းဆက်၍ဆူသည်။အားလုံးပြီးသည်အထိ ဒီလိုလမ်းဘေးတစ်နေရာမှာ ငြိမ်းဘာကြောင့်ရှိနေသလဲဆိုတာ မာန်မသိရသေး။

"မေနှင်းဝေဖုန်းဆက်တာလေ ဒီနေရာကိုမင်းရောက်လာလိမ့်မယ်ဆိုလို့ လိုင်းကားပေါ်ကနေဆင်းနေခဲ့ပြီး ရပ်စောင့်နေတာ"

မာန်ရင်ထိတ်သွားရပါ၏။
အကယ်၍သာ ပြိုင်ပွဲမလုပ်ဖြစ်ဘူးဆိုလျင် ငြိမ်းဟာ ဒီနေရာမှာ ဘယ်အချိန်ထိရပ်စောင့်နေရဦးမလဲမသိ၊ပိုဆိုးသည်က မကောင်းသည့်လူတွေနှင့်တွေ့လျင် ဒီလိုနေရာကြီးမှာ ငြိမ်းတစ်ခုခုဖြစ်သွားနိုင်သည်။

"ငြိမ်းရာ ဘာလို့ဒီလိုလမ်းဘေးမှာဆင်းနေခဲ့တာလဲ။မာန့်ကိုဖုန်းဆက်ပြီး အငယ်ဆိုင်ကယ်စီးဝင်မပြိုင်နဲ့လို့ပြောရင် ဘာမှအထွန့်မတက်ဘဲ နောက်ဆုတ်လိုက်မှာပေါ့ငြိမ်းရဲ့"

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now