အခန်း (၂၉)

2.1K 274 18
                                    

အလင်းရောင်မမြင်ရသည့် အခန်းတစ်ခုထဲမှာ မာန်ရောက်နေပြန်သည်။ရေငတ်နေသည့်ခံစားချက်က ပြင်းထန်နေသောကြောင့် နှုတ်ခမ်းကိုအငမ်းမရ လျှာနှင့်သပ်၍ မမြင်ရသည့်ပတ်ဝန်းကျင်မှာ ဟိုစမ်းဒီစမ်းဖြင့် သောက်စရာတစ်ခုခုကို လိုက်ရှာနေမိသည်။

ထိုစဉ်မှာပင် စူးခနဲဝင်လာသောအလင်းရောင်ကြောင့် ထိုနေရာကိုအားသွန်ခွန်စိုက်ပြေးမိ၏။လူတစ်ယောက်ကိုပြင်းထန်စွာဝင်တိုက်ပြီး ခြေဦးတည့်ရာထွက်ပြေးမိသည်။

"မုန်းမြတ်မာန်...!!!..shit...ဖမ်းကြစမ်း "

ကျယ်လောင်စွာကြားလိုက်ရသော အော်ဟစ်သံတို့ကြောင့် တွေ့ရာကားတစ်စီးပေါ်တက်၍ မာန် မောင်းပြေးမိသည်။

ညအမှောင်ထုကြား ကြောက်ရွံ့စိတ်တို့ဖုံးလွှမ်းကာ တုန်ယင်နေသောလက်တို့နှင့် စတီယာရင်ကိုထိန်းကိုင်ပြီး ဦးတည်ရာမဲ့မောင်းနှင်နေမိသည်။

စူးလွန်းလှသောအလင်းရောင်နှင့် ကျယ်လောင်လွန်းလှသည့် ဘရိတ်အုပ်သံတွေကြားမှာ မာန့်မျက်လုံးတို့ပြာဝေသွားရပြီး အလန့်တကြားအော်လိုက်မိသည်။

"အား..!!!!...."

"မုန်း.....မုန်း သတိရလာပြီလား....အစ်ကိုရှိတယ်နော်....အစ်ကိုရှိတယ် မုန်း "

အိပ်မက်ဆိုးတစ်ခုမှ လွတ်မြောက်လာသူတစ်ယောက်ပမာ မောဟိုက်နေသောအသက်ရှူသံတို့နှင့် မျက်လုံးတို့ကိုဖွင့်လိုက်သည့်အခါ မာန့်မျက်စိရှေ့မှာ ကိုမင်းသက်ဝေက ရှိနေခဲ့သည်။

"‌တော်သေးတာပေါ့မုန်းရယ်....သတိရလာလို့တော်သေးတာပေါ့ "

"ကျုပ် အဘကိုပြေးပြောလိုက်ဦးမယ်ဆရာလေး....အဘရေ..!!... "

မာန့်ဘေးမှာ ကိုမင်းသက်ဝေအပြင်တခြားတစ်ယောက်ထပ်ရှိသေးသည်ကို သတိမထားမိခဲ့။ထိုကောင်မလေးက ဝမ်းသာအားရအော်၍ အပြင်ဘက်ကိုပြေးထွက်သွားသောကြောင့် ဆံရစ်ဝိုင်းလေးနှင့်ကျောပြင်လေးကိုသာ မြင်ခွင့်ရလိုက်သည်။

"ကျွန်မတို့ဘယ်ရောက်နေတာလဲအစ်ကို.....အစ်ကို့ခြေထောက်က "

မာန် အားနာစိတ်မကင်းစွာဖြင့် ခြေကျင်းဝတ်အထက်ထိ ပတ်တီးစည်းထားသော ကိုမင်းသက်ဝေ၏ဘယ်ဘက်ခြေထောက်ကို ကြည့်လိုက်မိသည်။အိပ်ရာပေါ်မှ ထဖို့ဟန်ပြင်ပေမယ့် ကိုမင်းသက်ဝေက ချက်ချင်းပင်ဟန့်တားလာ၏။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now