အခန်း (၂၅)

3.6K 324 22
                                    

"လက်မထပ်နဲ့အငယ်.....တို့ အရင်လိုမင်းဘေးနားရှိနေပေးမှာမို့လို့ မင်းသက်ဝေနဲ့လက်မထပ်လိုက်ပါနဲ့ "

မာန် နားကြားများ မှားမိလေသလား။ငြိမ်းက အငယ်ဆိုတဲ့နာမ်စားလေးကို သုံးလိုက်သည်။

"ငြိမ်း....ငြိမ်းဘာပြောလိုက်တယ် "

ရင်ခုန်တုန်လှုပ်စွာနှင့် သေချာအောင်ထပ်မံမေးမိပြန်တော့ ငြိမ်း၏လက်ဖဝါးနုနုက မာန့်လက်ဖမိုးတို့ဆီ နွေးထွေးစွာအုပ်ကိုင်လာသည်။နှလုံးသားမှဖြစ်ပေါ်လာသည့် ပျော်ရွှင်ကြည်နူးမှုတို့ဟာ မာန့်မျက်နှာထက်မှာ အထင်းသားပေါ်လာ၏။

ဝမ်းသာလွန်း၍ကြောင့် ဝဲတက်လာသော‌မျက်ရည်တို့နှင့် ငြိမ်းမျက်နှာကို မဝံ့မရဲကြည့်မိတော့ ငြိမ်းက ချိုသာသည့်အပြုံးတို့နှင့် မာန့်ကို သေချာသည့်အဖြေတစ်ခု ထပ်မံပေးလာသည်။

"လွန်ခဲ့တဲ့ငါးနှစ်ကျော်ကအတိုင်း တို့က မင်းဘေးနားမှာ လိုအပ်ချိန်တိုင်း ရှိနေပေးမှာမို့လို့ ဘယ်သူထိန်းချုပ်တာမှမခံဘဲ မင်းလုပ်ချင်ရာ၊မင်းဖြစ်ချင်တာကို ဆန္ဒရှိသလိုလုပ်ပါ။ရှေ့ဆက်ပြီးတော့ အငယ်ပျော်ရမယ့်ကိစ္စတွေကိုပဲ တို့ အတတ်နိုင်ဆုံးဖန်တီးပေးမှာမို့လို့ ဘယ်သူ့ကိုမှမငဲ့ကွက်ဘဲ ကိုယ့်စိတ်ပျော်ရာအတိုင်းနေပါ "

မျက်ရည်များကြားကပင် ထိုအမျိုးသမီးလှပစွာပြုံးနေသည်ကို ရှင်းလင်းပြတ်သားစွာမြင်နေရ၏။သူမအပြုံးတွေက မာန့်ဆီကိုပါကူးစက်သွားလေ၏။
ရင်ထဲမှလာသည့် အပြုံးတို့နှင့်ပင် ငြိမ်း၏ခန္ဓာကိုယ်လေးကို မာန် ရင်ခွင်ထဲထည့်၍ တင်းကျပ်စွာဖက်လိုက်မိသည်။

"ကျေးဇူးတင်ပါတယ်....ကျေးဇူးတင်ပါတယ်ငြိမ်းရယ်....ပြန်ရောက်လာပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် "

အလိုအပ်ဆုံးအချိန်မှာ ရောက်လာပေးသည့်အတွက် ငြိမ်းကို မာန်တကယ်ပင် ကျေးဇူးတင်ရပါ၏။

သို့သော်ငြားလည်း ဖက်ထားရာမှ ငြိမ်း၏ပေါင်ပေါ်မှာရှိနေသည့် ဘယ်ဘက်လက်သူကြွယ်လေးဆီ မတော်တဆအကြည့်ရောက်သွားသည့်အခါ ရွှေရောင်မောင်းကွင်းလေးက မာန့်ပျော်ရွှင်မှုတွေကို ရိုက်ချိုးလိုက်သလိုပင်။ဆုံးရှုံးနာကျင်မှုက နှလုံးသားထောင့်ဆီ ခိုအောင်းနေ၏။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now