အခန်း (၂၀)

2.3K 281 21
                                    

အသည်းခွင်းမြှားချက်
ရင်လယ်ဗဟို၌ စူးစိုက်ခဲ့ပြီကွယ်
အပြုံးဝင့်တစ်ချက်က
ရင်ကိုတစ်ပါတည်း
သိမ်းပိုက်သွားပြီပဲ..
စိတ်အစဥ်ရယ်.....
တစ်ပါတည်းနဲ့ လိုက်ပါသွားတယ်
ညို့ပိုင်သူရေ....

အချစ်ပုခုံးနုထက်မှ
အပြာရောင် လွယ်အိတ်ကလေးဖြစ်ပါရစေ..
အချစ် ဖဝါးနုအောက်မှ
ကတ္တီပါ ဖိနပ်ကလေးဖြစ်ပါရစေ...
အချစ် ဦးထိပ်ထက်မှ
ငွေရောင်ဆံညှပ်ကလေးဖြစ်ပါရစေ..

နားနဲ့မနာ ဖဝါးနဲ့မနာ
နှလုံးသားနဲ့ နာတော်မူပါ...
ဟောလှည့်ပါ ပြောခဲ့ပါ
အချစ်တရားဦးတစ်ပုဒ်နာလိုသူပါ
အတွေးများစွာ ပေးထားကာ
အရှုံးအမြတ်အတွက် မရေရာသူပါ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ ညိုးငယ်စိတ်နဲ့အတူ
မြေစာမြတ်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ
တစ်ပြည်ကွာအနမ်းတို့ရဲ့ ဝေးကွာခြင်းနဲ့အတူ
အသင်ပိုင်ဆိုင်ရာ အသည်းယစ်
ပလ္လင်တော်ထက်မှာ
မနှေးမမြန်စတေးခံကာနေမှာပဲလေ အသည်းယစ်....ပလ္လင်တော်ထက်မှာ
ဆုံးကာရှုံးကာသာ...နေမှာပဲလေ
...ဆုံး.....ရှုံး နေမှာပဲလေ..
အချစ်ရေ....

.........

Bluetooth Box မှထွက်ပေါ်နေသည့် ထိုသီချင်းပြီးဆုံးသွားသည့်အခါမှ ရှေ့မှာရှိသည့် ကော်ဖီခွက်ကို မာန်သတိရတော့သည်။

"အမျာကြီးသဘောကျတယ်ထင်တယ် "

ကော်ဖီခွက်တင်မေ့သွားသည်မဟုတ်ဘဲ ဘေးမှာထိုင်နေသည့် နွေရိပ်ဖူးကိုလည်း မာန်သတိမရခဲ့ပါ။

"ကော်ဖီလား "

အေးစက်လုပြီဖြစ်သည့်ကော်ဖီကို တစ်ငုံသောက်ရင်း မာန်မေးလိုက်မိတော့ ထိုကောင်မလေးက ခေါင်းကိုအသာခါရမ်းသည်။

"ညှို့မျက်ဝန်းကိုပြောတာလေ။ပတ်ဝန်းကျင်ကိုတောင်မေ့ပြီး သီချင်းထဲမှာစီးမြောနေတာ ကိုယ့်ကိုယ်ကိုယ် ပြုံးနေမိတယ်ဆိုတာလည်း သတိမရတော့ဘူးထင်တယ် "

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now