အခန်း (၂၁)

2.2K 282 19
                                    

ရုံးခန်းထဲမှာထိုင်စောင့်ရတာ ပျင်းရိငြီးငွေ့လာသောကြောင့် အပြင်ဘက်သို့ထွက်လာမိတော့ မြေပဲဆံများကိုနေလှန်းနေသည့် အလုပ်သမားတို့က မာန့်ကိုကွက်ကြည့်ကွက်ကြည့်နှင့် အာရုံစိုက်နေကြ၏။

ဘာမှမဖြစ်သလိုပင် သူတို့ရှေ့မှဖြတ်လျှောက်လာကာ သရက်ပင်အောက်၌ ခြေစုံရပ်လိုက်သည်။အပင်အောက်အရောက်မှာပင် အပင်ပေါ်မှတွဲလျောင်းကျနေသည့် စိမ်းစားသရက်သီးရနံ့က မာန့်ကို စားချင်စိတ်ပေါက်အောင်မြူစွယ်၏။

လက်လှမ်းမီသည့် သရက်သီးတစ်လုံးကိုခူးလိုက်ပြီး ရေကန်သို့သွား၍ အစေးပြောင်အောင်ဆေးလိုက်ကာ အချိန်မဆိုင်းပဲကိုက်စားလိုက်မိသည်။

"ဝှား.....အရင်အတိုင်းချဉ်ချက်ပဲ "

တစ်ကိုက်တည်းနှင့်ပင် မျက်နှာတစ်ခုလုံးရှုံ့မဲ့သွားသည်အထိ ချဉ်နိုင်စွမ်းက အရင်အတိုင်းအရသာမပြောင်းလဲပေ။

"မမလေး....ဆရာကခေါ်နေတယ် "

ဘေးနားရောက်လာသည့် ကို‌ဟိန်းဇော်ကြောင့် သရက်သီးထပ်ကိုက်ဖို့ရန် ဟန်ပြင်နေသည်ကို ရပ်တန့်လိုက်ရ၏။

လက်ထဲမှ စားလက်စသရက်သီးကို နီးစပ်ရာအမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီး လက်ပြန်ဆေးလိုက်သည်။

"သွားကြတာပေါ့ "

မြေပဲလှမ်းနေသည့်ကွင်းပြင်နှင့် မျက်နှာချင်းဆိုင်မှာရှိနေသည့် တစ်ထပ်တိုက်လေးထဲ ဝင်လာလိုက်တော့ လူကြီးအချို့နှင့်ထိုင်ကာစကားပြောနေသည့် ဖေဖေ့ကိုတွေ့လိုက်ရသည်။

"သမီးလာလေ "

မာန့်ကိုမြင်တော့ အပြုံးတို့နှင့်ပင် သူ့ဘေး၌လာထိုင်ရန်ခေါ်သည့်အခါ ငြင်းပယ်၍မကောင်းသောကြောင့် လူကြီးတွေရှေ့မှဖြတ်လျှောက်ပြီး မာန် ရိုကျိုးစွာပင် ဖေဖေ့ဘေးရှိနေရာလွတ်၌ ဝင်ထိုင်လိုက်ရ၏။

"ဦးသူရိန်လင်းရဲ့သမီးတွေကတော့ အချောအလှလေးတွေချည်းပါပဲလား။ဒါလေးကသမီးကြီးထင်တယ် "

"ဟုတ်ပါ့ဗျာ....ဒါလေးကသမီးအကြီးဆုံးလေ။သူ့အဘွားရဲ့ ပလတ်စတစ်စက်ရုံနဲ့ချည်ထည်လုပ်ငန်းတွေကို ဦးစီးနေတာ "

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now