အခန်း ( ၈ )

2.5K 286 14
                                    

ငြိမ်း၏အိမ်လေးရှေ့ ကိုဟိန်းဇော်က ကားကိုရပ်လိုက်သည့်အခါ မာန် ကားပေါ်မှလျင်မြန်စွာပင်ဆင်း၍ အိမ်ကလေးရှေ့အပြေးသွားမိသည်။

"ငြိမ်း....ငြိမ်းရေ...မာန်ရောက်ပြီနော် "

တံခါးအနားကပ်ကာ ခပ်ဖွဖွအသံပြုလိုက်ပြီးခဏအကြာတွင်တော့ ဂျောက်ခနဲအသံနှင့်အတူ အိမ်တံခါးလေးဟာ ပွင့်သွားလေသည်။
မိုးစင်စင်မလင်းခင် မှိန်ပျပျအလင်းရောင်နှင့် လျှပ်စစ်မီးအလင်းရောင်ကြားမှာ အိမ်တံခါးဝ၌ရပ်နေသည့် နတ်သမီးလေးကိုမြင်တွေ့လိုက်ရသည့်အခါ မာန် ကျောက်ရုပ်တစ်ရုပ်ပမာ ငေးကြောင်ကြည့်နေမိသည်။

style pant အညိုရောင်ကလေးကို ရှပ်လက်ရှည်အဖြူလေးနှင့် တွဲဖက်ဝတ်ဆင်ထားပြီး ကြိုးသိုင်းဖိနပ်အညိုရောင်လေးက ခြေဖိုးဖြူဖြူလေးနှင့် သိပ်ကိုလိုက်ဖက်နေသည်။

"ခဏလေးစောင့်ဦးနော်မုန်းမာန်။တို့ မီးခလုတ်တွေပိတ်လိုက်ဦးမယ် "

"ဟုတ်ကဲ့ ငြိမ်း။ အိတ်ကဒါပဲလား "

ဧည့်ခန်းထိုင်ခုံပေါ်မှာတင်ထားသည့် ကျောပိုးအိတ်ကလေးကို မာန်ကောက်ကိုင်ရင်းမေးလိုက်တော့ ငြိမ်းက မီးဖိုခန်းထဲမှခေါင်းပြူထွက်လာသည်။

"ဟုတ်တယ် ။အဲ့ဒါပဲ ။ရပါတယ် တို့ဘာသာသယ်ခဲ့မယ် "

"ရပါတယ်။ငြိမ်းလုပ်စရာရှိတာကိုသာလုပ်ပါ ။ဒီအိတ်ကို မာန် ကားထဲသွားထားလိုက်ဦးမယ် "

ပြောပြောဆိုဆိုပင် သိပ်မလေးသည့် ငြိမ်း၏ကျောပိုးအိတ်ကလေးကိုလွယ်၍ ကားရှိရာသို့ မာန်ပြန်လျှောက်လာခဲ့သည်။
ကားနောက်ခန်းကိုလှပ်၍ မုန့်ခြင်းတွေဘေးလွတ်သည့်နေရာတွင် ငြိမ်း၏အိတ်ကလေးကို အသာအယာထည့်လိုက်ပြီး ပြန်ပိတ်လိုက်သည်။
ထို့နောက်အိမ်ထဲပြန်မဝင်တော့ဘဲ ကားဘေး၌ရပ်ကာ ရင်ခုန်ခြင်းတို့ကို မသိမသာထိန်းချုပ်နေရသည်။

ကြီးညွှန့်ဆေးပြသွားမည့်ခရီးကို ငြိမ်းလိုက်လာမည်ဟုမမမေပြောစဥ်က မာန့်မှာ ကိုယ့်နားကိုယ်ပင်မယုံချင်။အစက မယုမွန်နှင့်ကြီးညွှန့်သာသွားမည့်ခရီးမှာ ငြိမ်းကြောင့် မယုမွန်အစား မာန်ကိုယ်တိုင်လိုက်လာဖြစ်သွား၏။
ပြီးတော့ ဤခရီးတွင် ငြိမ်းနှင့်အများကြီးရင်းနှီးအောင် လုပ်ခဲ့ပါဟူ၍လည်း မမမေကသေချာမှာလိုက်သေးသည်။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now