အခန်း (၂၃)

2.3K 286 27
                                    

နှစ်ရက်ဆက်တိုက် နိုက်ဂျူတီယူထား၍ လူကနုံးနေလေပြီ။အိမ်ပြန်ရောက်လျင် ရေမိုးချိုးကာ တစ်ရေးအိပ်မည်ဟုတွေး၍ ခြေလှမ်းသွက်သွက်နှင့် အိမ်သို့လျှောက်လာခဲ့မိသည်။

"အစ်မအေးငြိမ်း "

ကျောဘက်ဆီမှကြားလိုက်ရသည့် နာမည်ခေါ်သံကြောင့် ငြိမ်း၏ခြေလှမ်းတို့ တုံ့ဆိုင်းသွားရ၏။နောက်ကိုလှည့်ကြည့်မိတော့ ငြိမ်းထက် ခေါင်းတစ်လုံးနီးပါးပိုမြင့်လောက်မည့်အရပ်၊မဖြူမညိုအသားအရေတို့နှင့် အသက်နှစ်ဆယ်ရှစ်လောက်ရှိမည့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူ၏မျက်နှာဟာ ရင်းနှီးနေသလိုခံစားရပေမယ့် ဘယ်သူဘယ်ဝါဆိုတာ ငြိမ်းဦးနှောက်က အလျင်အမြန်အဖြေထုတ်ပေးလာခြင်းမရှိ။

"အစ်မကိုခေါ်တာလား "

ဇဝေဇဝါနှင့် ကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုး၍ ငြိမ်းမေးမိတော့ ထိုကောင်လေးပြုံးလိုက်သည်ကို မြင်လိုက်ရ၏။ထိုအပြုံးတွေကို ငြိမ်းအတော်ရင်းနှီးသည်။သို့ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ အခုထိမစဉ်းစားနိုင်သေး။

"ကျွန်တော့်ကို မမှတ်မိဘူးထင်တယ်။ကျွန်တော်ဖြိုးဇော်လေအစ်မအေးငြိမ်းရဲ့.....အစ်မအေးငြိမ်းခေါ်တဲ့ ဇိုးနှစ်ကောင်ထဲက ဇိုးဇော်လေ "

ထိုအခါမှပင် ငြိမ်းဦးနှောက်က memory ပြန်ဖော်ပေးတော့သည်။

ငြိမ်းမမှတ်မိတာလည်း မလွန်ဟုထင်သည်။ထိုကောင်လေးကိုမတွေ့ရတာ နှစ်အတော်ကြာပြီဖြစ်သလို ပြောင်းလဲမှုတွေကိုလည်း မြင်တွေ့ရသည်။

"မင်းက ဘယ်တွေရောက်နေလို့ အခုမှကိုယ်ရောင်ပြတာလဲ "

"ပြဿနာလေးတွေ နည်းနည်းရှုပ်နေလို့အစ်မ။ပြီး‌တော့ ရောက်ရောက်ချင်း အရှုပ်ပေးတယ်လို့သဘောမထားပါနဲ့။ကျွန်တော် ဒီဆေးရုံကဆရာဝန်တစ်ယောက်နဲ့တွေ့ချင်လို့ အဲ့ဒါ အစ်မအေးငြိမ်းကူညီပေးလို့ရမလား "

ငြိမ်းနားမလည်ပါ။ဒီဆေးရုံ၌ ဘယ်ဆရာဝန်က ဘယ်ဌာနမှာရှိတယ်ဆိုတာ ငြိမ်းထက် သူတို့ဦးလေးသမားတော်ကြီးက ပိုသိမည်မဟုတ်ပါလား။

မုန်းရိပ်ကင်းပါစေ ငြိမ်းရေWhere stories live. Discover now