ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၁)
01040437
"ဟေ့ကောင်...ညဏ်ကြီး...မရောက်သေးဘူးလားဟ..."
"အေးပါကွာ...လာနေပါပြီ..မင်းတို့ကလည်း အကြိမ်တစ်ရာလောက် ဖုန်းခေါ်မနေနဲ့...ချီးမှပဲ.."
ညဏ်လင်း ကိုင်ထားတဲ့ ဖုန်းကို အိတ်ထဲ ပြန်ထည့်ပြီးတော့မှ ဆိုင်ကယ် ဆက်မောင်းရသည်။
ဒီကောင်တွေနဲ့ တွေ့ပြီဆို ညနက်ဦးမည်။
ဆိုင်ကယ် ယူလာမိတာတော့ မှားပြီလား မသိပါဘူး..။
အိမ်ကို ကားပြန်ယူရင်လည်း အမေက စစ်ဦး ဆေးဦးမှာ ဆိုတော့ ဆိုင်မှာ အဆင့်သင့်ရှိနေတဲ့ ဆိုင်ကယ်နဲ့ပဲ ထွက်လာခဲ့မိသည်။
ဘော်ဒါ တစ်ယောက် စွံသွားတိုင်း ပွဲလုပ်ပြီး မစွံတဲ့ကောင်တွေကို ဒကာခံခိုင်းတာ ထုံးစံ..။
ခုတော့ နောက်ဆုံး ကျန်တဲ့ ရဲဘော်ရဲဘက်ကြီး ကျော်ဆန်းဦး ရဲ့ ပွဲဆိုတော့ ကိုယ်ပဲ ပင်တိုင် ခံရမှာမို့ ငွေ အလုံအလောက် ထည့်လာရသေးသည်။
ဘယ်လို ထုံးစံကြီးမှန်း မသိပါဘူး..။
မင်္ဂလာ သတို့သားက ၀မ်းမြောက် ဂုဏ်ယူ ကျွေးမွေး ဧည့်ခံတာပဲ ကြားဖူးတာ..။
ဒီ ငနာကောင်တွေကျမှ ပြောင်းပြန်..။
"ဟော...ဟိုမှာ လာပါပြီ...ကိုချိန်ပါကြီး..ဟဲ..ဟဲ...ခင်ဗျား ပြုစုကျွေးမွေးတာ ခံရဖို့ ကျွန်တော်မျိုးတို့ အဆင့်သင့် စောင့်နေပါတယ်..."
ဟိန်းကို က အရင် အသံဗြဲနဲ့ ထအော်တော့ တခြား ကောင်တွေလည်း ခေါင်းထောင်လာပြီး စပ်ဖြဲဖြဲဖြင့် ရယ်ပြကြသည်။
လက်ထဲက ဆိုင်ကယ်သော့ကို ခါးမှာချိတ်ကာ သူငယ်ချင်း ငါးယောက် ရှိတဲ့ စားပွဲဝိုင်းကို လျှောက်သွားရချိန် ရင်ခုန်ချင်သလိုလို ၀မ်းနည်းချင်သလိုလို ဖြစ်လာသည်။
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...