Part 9

7.1K 378 39
                                    

ဆိုးဆိုးနွဲ့နွဲ့

အပိုင်း (၉)

01260635

"တီ....တီ....တီ...."

ညဏ်လင်း လက်က ဖုန်းဆီ ရောက်သွားပေမဲ့ မျက်လုံးကတော့ သေချာ မဖွင့်နိုင်သေး..။

မနေ့က ပင်ပန်းထားတာကြောင့် ညက အစောကြီး အိပ်တာတောင် မလန်းချင်သေးဘူး..။

ဖုန်းအလန်းကို ပိတ်ပြီးတော့မှ နောက်ကို လှည့်ကြည့်ဖို့ တွေးရင်း မျက်လုံးဖွင့်လိုက်ချိန်..။

"ဟာ..."

ညဏ်လင်း မျက်လုံးရှေ့မှာ ရှိနေတဲ့ မျက်နှာကြောင့် လန့်သွားသည်။

"ဟီး..ဟီး..နိုးပြီလား..ကိုကြီး..မောနင်းပါနော်..."

မဟုတ်သေးဘူး..။

ညက စအိပ်ကတည်းက နံရံဘက်ကို မျက်နှာမူပြီး အိပ်တာပါ..။

ညဏ်လင်း ဘက်မှားပြီးများ အိပ်မိတာလားလို့ တွေးရင်း သေချာ ကြည့်လိုက်တော့ ရှေ့မှာ နံရံပဲ ရှိတာပါ..။

မနေ့ညကတည်းက ကျောပေးပြီး အိပ်ခဲ့တာကို ဘယ်လိုဖြစ်ပြီး ရှေ့ နေရာကျဉ်းကျဉ်းလေးမှာ လာပြီး ဆောင့်ကြောင့်ထိုင်နေတာလဲ.့..။

အိပ်ရာနိုးခါစ မျက်နှာကြီးကို ထိုင်ကြည့်နေတော့ မနက်စောစော စိတ်မကြည်မသာဖြစ်ကာ မျက်ခုံးလည်း တွန့်သွားသည်။

"နင် ဘယ်လိုဖြစ်ပြီး ဒီဘက် ရောက်နေတာလဲ..."

"ဟီး..သမီး စောကြီးကတည်းက နိုးနေတာ...ကိုကြီး အိပ်ပျော်နေတာလေး မမြင်ဖူးလို့ သေချာထိုင်ကြည့်ချင်လို့ ဒီဘက်ကို ကျော်လာတာ..ဟီး.."

ညဏ်လင်းမှာ မျက်နှာမသစ်ရသေးခင် မျက်နှာတွေပူပြီး ရှက်မိသည်။

ဒီလောက် ဖက်ခေါင်းအုံး ခြားအိပ်တာတောင် ခွကျော်ပြီး ဘေးမှာ ငုတ်တုတ် လာထိုင်ကြည့်နေတာတဲ့..။

"ငါ မကြိုက်ဘူး..နောက် အဲလို မလုပ်နဲ့..."

"ဟုတ်.."

ညဏ်လင်း ခပ်ငေါက်ငေါက် ပြောလိုက်ပြီး ခုတင်ပေါ်က ဆင်းကာ မျက်နှာသစ်ဖို့ အခန်းပြင် ထွက်ခဲ့ရသည်။

အပေါ်ထပ်ရဲ့ နောက်ခန်းမှာလည်း ရေချိုးခန်း အိမ်သာ နဲ့ ၀ရန်တာခန်း သပ်သပ်ရှိတော့ အဆင်ပြေသွားသည်။

ဆိုးဆိုးနွဲ့နွဲ့Where stories live. Discover now