ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၁၇)
02160510
"ဟင်...ကိုကြီး ပြန်လာပြီ...စောကြီးပဲ..."
သဲစု မယုံနိုင်လို့ နာရီကို ကြည့်လိုက်တော့ ညနေ လေးနာရီပဲ ရှိသေးသည်။
ကိုကြီးက ခဏ ပြန်လာတာ ဆိုရင် ဆိုင်ကယ်ကို ခြံတံခါး အနားမှာပဲ ရပ်တက်သည်။
ခုက အိမ်ဘေးဘက်ကို ယူသွားတော့ အပြီး ပြန်လာတာ သေချာနေပြီ..။
သဲစု လက်က ကြိုးသိုင်းထားရပေမဲ့ ထိုင်နေရာက ထပြီး အိမ်ရှေ့ကို သွားရပ်နေမိသည်။
"ကိုကြီး...."
"ဟင်...ဘာလုပ်နေတာလဲ...ထိုင်မနေပဲ.."
"သမီးက လူကောင်းပါ ကိုကြီးရဲ့..လက်ပဲ နည်းနည်းနာတာ...ဒူးက လုံး၀မနာတော့ဘူး..."
သဲစု လမ်းလျှောက်ရင် နာပေမဲ့ ကိုကြီး သိရင် ဆူမှာ စိုးလို့ လိမ်လိုက်ရသည်။
ကိုကြီးက သဲစု လက်မောင်းကို တွဲပြီးခေါ်တော့ ရင်ထဲမှာ ဖလပ် ဖလပ်ဖြစ်နေရသည်။
"နင် တစ်ယောက်တည်းလား...မီးငယ်ကော.."
"မေမေက စောနကမှ ဆေးသောက်ပြီး ခဏလှဲနေတယ်....မီးငယ်က ညစာ ထမင်းအိုး တည်နေလို့...ကိုကြီး အပေါ်သွားမလို့မလား..သမီးလည်း လိုက်မယ်..."
"သတိထားနော်.."
"ဟုတ်..."
ကိုကြီးက လှေကားတက်တာ သဲစုကို စောင့်ပြီး ခေါ်နေတော့ စိတ်လောပေမဲ့ ဖြည်းဖြည်းပဲ လှမ်းလို့ရသည်။
သဲစု ဆိုင်ကယ်မှောက်လိုက်တာ ကိုကြီးက တခြားလူလို ဖြစ်သွားတာပဲ..။
မနက်တုန်းကလည်း ဆေးခန်းမှာ တော်တော် စိတ်ပူနေသည်..။
သဲစု အနားမှာပဲ နေပြီး လိုတာတွေကိုလည်း လုပ်ပေးသေးသည်။
နေ့ခင်း ကျမှ ဆိုင်ကို တစ်ချက် သွားကြည့်မယ်ဆိုပြီး ထွက်သွားတာ ခုတော့ မိုးမချုပ်ခင် ပြန်ရောက်လာပြန်သည်။
ဘာအကြောင်းကြောင့်မှ ဆိုင် စောစော မပိတ်တက်တဲ့ ကိုကြီးက သဲစုကြောင့် ပြန်လာတာလား..။
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...