Part 18

8.7K 387 41
                                    


ဆိုးဆိုးနွဲ့နွဲ့

အပိုင်း (၁၈)

02170454

"သဲစု..."

"ဟင်..."

"သက်သာရဲ့လား...."

"ဟုတ်..."

သက်သာတယ်ဆိုပေမဲ့ မျက်ရည်ပူတွေနဲ့ မျက်လုံးတောင် သေချာ မဖွင့်နိုင်တဲ့ အနေအထား...။

ဆရာ၀န်ကို မေးကြည့်တော့လည်း ဒါမျိုး ဖျားတက်ပါတယ်ဆိုတော့ ညဏ်လင်းမှာ စိတ်ပူပေမဲ့ ပေးလိုက်တဲ့ ဆေးကိုသာ အပတ်လည်အောင် ဂရုစိုက်ပြီး တိုက်ပေးနေရသည်။

ဒဏ်ရာအတွက် အကိုက်အခဲပျောက်ဆေး အနာကျက်ဆေးတွေက တစ်ဖက် အဖျားအတွက် ဆေးတွေ က တစ်ဖက်နဲ့ သူ့လို ငါးခြောက်မလေးက အဆင်ပြေပါ့မလား..။

အစားကလည်း ကိုယ်တိုင်ကျွေးလို့သာ နည်းနည်းပါးပါး စားနေတာ အနားမှာသာ မနေနိုင်ရင် လုံး၀ မစားမဲ့ အခြေအနေ..။

ညဏ်လင်းမှာ မနက်ပိုင်း ဆိုင်ခဏ သွားပြီး ပစ္စည်းပို့ဖို့ ၀င်ဖို့ ငွေရှင်းပေးဖို့ ကိစ္စတွေ သွားပြောပြီးတာနဲ့ ပြန်လာကာ အနားမှာ နေရသည်။

"ကိုကြီး..ဆိုင်မသွားဘူးလား.."

"ပြန်လာတာလေ..."

"ဟင်...ဘာလို့လဲ..."

"ဆိုင်မှာလည်း အလုပ်သိပ်မရှိလို့ပါ.."

"ဟီး...ရွှတ်.."

ညဏ်လင်း ၀န်မခံပေမဲ့လည်း သူ့ဟာသူ ဆက်တွေးပြီး ရယ်လိုက်ပေမဲ့ နှာရည်ကကျလာတော့ နှာခေါင်းရှုံ့ရပြန်သည်။

အနားမှာလည်း တစ်ရှူးတွေ ပြည့်နေပြီ..။

မျက်လုံးသုတ်လိုက် နှာခေါင်းသုတ်လိုက်ဖြင့် အလုပ်များနေတာ ကိုယ်တိုင်လည်း ဆေးတိုက်ပေးရုံက လွဲလို့ မကူနိုင်..။

"ဒေါက်...ဒေါက်...သားရေ...စုစု လာတယ်..."

"ဟုတ်ကဲ့..."

ညဏ်လင်း ထိုင်နေရာက ကပျာကယာ ထပြီး အခန်းတံခါး ဖွင့်ပေးလိုက်တော့ အန်တီက စိုးရိမ်ပူပန်တဲ့ မျက်နှာဖြင့် အခန်း၀မှာ ရပ်နေပြီ..။

"၀င်ခဲ့ပါ ...အန်တီ..."

"ဖျားလို့ဆို...ဟလား..သမီး..."

ဆိုးဆိုးနွဲ့နွဲ့Where stories live. Discover now