ဆိုးဆိုးနွဲ့နွဲ့
အပိုင်း(၂၂)
02201133
"ကိုကြီး..."
ညဏ်လင်းမှာ နေသိပ်မကောင်းလို့ စိတ်ထဲ အဆင်မပြေရတဲ့ကြားထဲ သူ့အသံ ဆူအောင့်အောင့်ကြောင့် ရင်တောင် တုန်သွားသည်။
မကြားချင်ယောင်ဆောင်ပြီး ပစ္စည်းစီနေတဲ့ ဘိုဘို့ အနားမှာပဲ ရပ်နေလိုက်သည်။
စာမေးပွဲပြီးတာနဲ့ ပြန်လာလိုက်တာပဲ..။
ဘယ်သူနဲ့ ပြန်လာတာပါလိမ့်..။
မှန်ဘီဒိုမှ တဆင့် သူ့သူငယ်ချင်း ဆိုင်ကယ် မောင်းထွက်သွားတာ တွေ့လိုက်တော့မှ တော်ပါသေးရဲ့ တွေးမိသည်။
"ကိုကြီး ဘာလို့ ဒီကို ရောက်နေတာလဲ...ကတိလည်း မတည်ဘူး.."
"ဘာကတိမတည်တာလဲ...ငါ ဆေးခန်းပြပြီးမှ လာတာ..."
"ဆရာ၀န်က ဘာပြောလဲ..."
"မသေသေးဘူးတဲ့..."
"ကိုကြီး..."
ဆိုင်ထဲမှာ ငိုသံပါဖြင့် ခေါ်တော့ ညဏ်လင်း သက်ပြင်းတစ်ချက် ချပြီး လက်ထဲက မီးသီးဘူးကို ဘိုဘို့ကို လှမ်းပေးလိုက်၍ သူ့ဘက်ကို လှည့်လိုက်ရတော့သည်။
"ရိုးရိုးဖျားတာတဲ့...ဆေးထိုးပေးတယ်..သောက်ဆေးက နှစ်ရက်စာ ပေးလိုက်တယ်...စားချင်တာစားလို့ရတယ်...အဖျားသိပ်မရှိတော့ဘူးတဲ့...ရပြီလား..."
"ဟီး...တော်သေးတာပေါ့...သမီးက စိတ်ပူနေတာ..."
မြန်မာ၀တ်စုံ နီညိုရောင် လက်ရှည်၀တ်ထားပြီး ရင်ဘတ်ကို ဖိနေပုံက အဘွားကြီး ကျနေတာပဲ..။
ညဏ်လင်း ပြုံးမိပြီး နဖူးကို လက်ညိုးနဲ့ ထိုးလိုက်ကာ ရေနွေးဘုံးတွေကို ရှေ့ဆွဲယူပြီး ဘိုဘို့ကို လှမ်းပေးလိုက်သည်။
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...