ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၁၄)
02120517
"မင်းထက် က အဲ့လောက် အကြာကြီးသွားရတော့ အဆင်ပြေပါ့မလား.."
"ပြေတာပေါ့...ပြေအောင်လည်း နေရတယ်...အရက်တောင် မသောက်တော့ဘူးဆိုပဲဟ.."
"ငါတော့ မယုံပါဘူး...အစမို့လို့ သူ့မိန်းမကို ချော့နေတယ်ပဲ ထင်တာပဲ..."
"ဟုတ်လောက်တယ်..."
သူငယ်ချင်းတွေ မတွေ့တာကြာပြီမို့ တွေ့ဖြစ်ကြသည်။
ဒီတစ်ခေါက်တော့ မင်းထက်က အလုပ်ကိစ္စနဲ့ ခရီးသွားနေတော့ တစ်ယောက် လျော့သွားပြီလေ..။
"ကျော်ဆန်းဦး...မင်းကော ဘယ်နဲ့လဲ...အလုပ်တူ အရွယ်တူ ဆိုတော့ ပျင်းစရာကြီး ဖြစ်နေပြီမလား..."
"မပျင်းဖြစ်ပါဘူး...မခိုင်က နည်းနည်း သ၀န်တိုတက်တော့...ပျင်းချိန် မရပါဘူး.."
"အမလေး..မခိုင်တဲ့...လခွီး...ငါတို့ တွန်းလို့ ရွေ့တဲ့ကောင်က ခုကျ တော့လည်း သင်ပေးစရာ မလိုတော့ဘူး..ဟား.."
"အေးလေ...ဒါတောင် ဖွင့်ပြောမိတာ မှားပြီလား မသိဘူးကွာဆိုပြီး ငိုမလို ဖြစ်နေတာနော်...ခုတော့လည်း အိုကေလို့..."
"အင်း....အဟွင်း...မင်းတို့ကျေးဇူးနဲ့..ငါ လူဖြစ်သွားပြီ...အဲဒါလည်းပြောမယ် နဲ့ မေ့နေတာ...အဟွင်း.."
ကျော်ဆန်းဦးက မနေတက်တဲ့ မျက်နှာထားဖြင့် ပြုံးစေ့စေ့ပြောတော့ ညဏ်လင်းတို့ တစ်ဝိုင်းလုံးရဲ့ အကြည့်တွေ ရောက်သွားတော့သည်။
"ဘာ..."
"ဟေ့ကောင်...တကယ်လား..."
"ဟား..ဟား..ကျော်ကြီးကွာ..."
"ငါ့ကောင်ကြီး...ဟား..ဟား..."
ကျော်ဆန်းဦး အနားမှာ ထိုင်နေတဲ့ နေမျိုးနဲ့ ထွန်းထွန်း ထုသမျှကို ခံရင်း ကျော်ဆန်းဦးကတော့ ပြုံးပြုံးဖြင့် ကျေနပ်နေသည်။
"ဘယ်လောက်ရပြီလဲ.."
"သုံးလ..."
"ဟား..ဟား...ခွေးကောင်..ငါတို့ကို လျှိုထားတယ်...ဒီကိစ္စက ငါတို့နဲ့လည်း သက်ဆိုင်တယ်နော်..ဟား..ဟား.."
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...