ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၂၃)
03010408
"ဟေ့ရောင်တွေ...ငါတို့ကောင်ကြီးလည်း ကြည့်ကြပါဦးကွာ..."
"အေးလေ...မိန်းမရတာ...ပိန်ကျသွားလိုက်တာ..."
"ဟား..ဟား..."
ညဏ်လင်း စားပွဲဝိုင်းကို မရောက်ခင်ကတည်းက လှမ်းကြည့်ဝေဖန် ပြောဆိုနေကြတာသိပေမဲ့လည်း အပြုံးမပျက် ရှေ့သို့သာ ချီတက်ရသည်။
"မင်းထက်...မသာ....မင်းမှာလည်းလေ..နေ့ခင်းကြောင်တောင် ပုလင်းထောင်တာပဲလား.."
မင်းထက် ကျောကို ပုတ်ပြီး ထိုင်ခုံမှာ ၀င်ထိုင်လိုက်တော့ အရက်ခွက်ကို လက်က မချပဲ ညဏ်လင်းကို မူးမူးဖြင့် ကြည့်သည်။
"ခုမှ သောက်ရတာပါကွာ....ပိတ်ရက်လေး..မိန်းမဆီက ပါမစ်ရလာတာတုန်းလေး..."
"မင့်မိန်းမ က တော်တော်ဆိုးနေပါလား...ပစ်ထားခဲ့ကွာ..."
ထွန်းထွန်းက မြှောက်ပေးတော့ မင်းထက်က ခေါင်းရမ်းပြီး လက်လည်းခါသည်။
"မဖြစ်ဘူး..မဖြစ်ဘူး..သူက ဆိုးပေမဲ့ မလည်ဘူးဟ..."
"အမယ်...လုပ်စမ်း...ဟိုမှာ ဘယ်လို အမျိုးအစားတွေ တွေ့ခဲ့လို့တုန်း.."
ညဏ်လင်းလည်း ၀င်ထောက်ပေးလိုက်တော့ မင်းထက် က ဖန်ခွက်ကို ကိုင်ထားရင်း မျက်လုံးမှိတ် အရသာ ခံနေပြန်သည်။
"ဒီလို ရှိတယ်ဟ..."
အရက်ခွက်ကို စားပွဲပေါ် ဟန်ပါပါ ချလိုက်ပြီး ဆရာကြီး လေသံဖြင့် ရှင်းပြတော့သည်။
"ငါ့မိန်းမက ချုပ်ချယ်တာ မှန်တယ်...အရက်မသောက်ရဘူး..ကွမ်းမစားရဘူး..ဆေးလိပ်မသောက်ရဘူးပေါ့ကွာ...ငါ လည်း ပြောဆိုနေတဲ့ကြားက သောက်နေတာပဲ..."
"အေးပါ....ငါသိတယ်...မလည်ဘူးဆိုတာ ဘာစကားလဲလို့ ငါတို့က မေးနေတာလေ...မင်းဟာက ငါတို့တောင် မူးနေပြီ.."
"ဖြည်းဖြည်းပေါ့ဟ...မလည်ဘူးဆိုတာ...တုံးတာ...အ ..တာ...ရှင်းပလား.."
"ဟမ်..."
"ဟုတ်တယ်....ငါ့မိန်းမက တုံးလို့ အလို့ ငါ့လို အရက်သမားကို ပေါင်းနေတာပေါ့ဟ... ဦးနှောက်မရှိတော့လည်း ငါ့လို ကောင်ကို မစွန့်လွှတ်နိုင်ဘူးလေ...ဟဲ..ဟဲ..."
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...