ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၂၅)
03020406
"ကိုညဏ်လင်း..ဒီနေ့ စောတယ်နော်..."
"ဟုတ်တယ်...ရူပါ...."
ညဏ်လင်း ခြံတံခါး ဆင်းဖွင့်ချိန် တစ်ဖက်ခြံ က ရူပါကလည်း တိုက်ဆိုင်စွာ ဆိုင်ကယ်နဲ့ အပြင်ရောက်လာရင်း မေးတော့ ခေါင်းညိတ်၍ ဖြေရတာ မျက်နှာလည်း ပူပါသည်။
ဆိုင်ကယ်ကို ခြံထဲ မောင်းသွင်းကာ တစ်ခါတည်း နေရာချလိုက်ရသည်။
ရေပိုက်တွေ နေရာ မရွေ့နေတော့ ရေမလောင်းရသေးဘူးပေါ့။
ခြံထဲမှာ လုပ်တဲ့ ကိုကျော်က အလုပ်ထွက်သွားတော့ အပင်ရေလောင်းတာကို မိငယ်နဲ့ သဲစုပဲ လုပ်နေရတာ ကြာပြီ..။
အမေတို့က အငယ်မတို့အိမ်ကို သွားလည်တော့ မနက်ဖြန် နေ့ခင်းလောက်မှ ပြန်ရောက်လိမ့်မည်။
ငါးခြောက်မက ကျောင်းရှိတယ်ဆိုပြီး အကြောင်းပြကာ တစ်ယောက်တည်း ကျန်ခဲ့တော့ ညဏ်လင်းလည်း အကောင်းမနေရတော့ပါ..။
အခုလည်း ဆိုင်စောစောပိတ်ပြီး ပြန်လာရပြီလေ..။
"ကိုကြိ...."
ညဏ်လင်းမှာ ဆိုင်ကယ်နေရာချပြီး ထွက်လာရုံ ရှိသေး ဒင်းက ခြံတံခါး တွန်းဖွင့်ပြီး ပြေး၀င်လာပြီ..။
ဘယ်အချိန်ကတည်းက ဘယ်ကနေ စောင့်ကြည့်နေတာလဲ မသိပါဘူး..။
"ကိုကြိ အစောကြီး ပြန်လာတာပဲ..."
"အင်း..."
"ကောင်းတယ်....သမီး တစ်ယောက်တည်း မနေရဲလို့ မေကြီးတို့ဆီမှာ သွားနေတာ...အပင်တွေ ရေမဖြန်းရသေးဘူး...ကိုကြီး အပေါ်မတက်နဲ့ဦး...ခဏစောင့်နော်...."
ညဏ်လင်း ကို ပြောရင်း ရေပိုက်ကို ဆွဲပြေးလိုက် ရေပြေးဖွင့်လိုက် လုပ်နေတော့ သက်ပြင်းတစ်ချက် ချကာ ရပ်နေရတော့သည်။
"ဟဲ့...အဲလို ဖြန်းရင် အပင်တွေ ကျိုးကုန်မှာပေါ့..."
"ဟီး..မြန်မြန် လုပ်လိုက်တာ...ပိုက်ခေါင်းက သစ်ခွရုံထဲ ရောက်နေလို့ပါနော်..."
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...