ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၁၅)
02150454
"ဟလို...ကိုကြီးလား..."
"အမ်း..."
"ဖေဖေကလေ...အိမ်ခဏ ပြန်လာဦးတဲ့.."
"ဟင်..ဘာဖြစ်လို့လဲ..."
"ဦးလေး..ဘယ်သူဆိုလား...နေမကောင်းလို့တဲ့ ဆေး သွားပေးခိုင်းမလို့တဲ့..."
"သြော်...အမ်း..."
"ဘယ်တော့ ပြန်လာမှာလဲဟင်...ကိုကြီး.."
"ခု လာမယ်..."
"ဟုတ်..."
သဲစု ဖုန်းချလိုက်ပြီး ပျော်လွန်းလို့ နှုတ်ခမ်းကို ဖွဖွ ကိုက်လိုက်မိသည်။
သဲစု လည်း လိုက်ချင်တယ်လို့ မေမေ့ကို ပြောလိုက်တာ လိုက်သွားခိုင်းတယ်လေ..။
အ၀တ်အစားတွေကို ရွေးနေရင်း စိတ်တိုင်း မကျတော့ အောက်ထပ် ပြေးဆင်းသွားလိုက်သည်။
"မေမေရေ...သမီး မေကြီး တို့ အိမ်မှာ အကျီ င်္ ပြန်ယူလိုက်ဦးမယ် သိလား..."
"အေး..သမီး...သြော်..နေဦး...ဒီမှာ...ထိုးမုန့် ယူသွားပေးလိုက်ဦး..."
"ဟုတ်.."
သဲစု အိမ်ရှေ့ ရောက်နေပေမဲ့ မီးဖိုခန်းကိုပြန်၀င်ပြေးကာ ထိုးမုန့်ဘူးကို ယူလိုက်သည်။
"ဖြည်းဖြည်း သွားပါ..သမီးရဲ့..."
"ကိုကြီးက ခု ပြန်လာနေပြီ မေမေရဲ့..တော်ကြာ သဲစု ကြာတယ်ဆိုပြီး ထားခဲ့လိမ့်မယ်..."
"မေမေ ပြောပေးမှာပေါ့...ကဲ..သွား..သွား.."
သဲစု ကပျာကယာ ထွက်လာတာ ဖိနပ်တောင် လမ်းလျှောက်ရင်း သေချာ စီးနေရသည်။
"မေကြီးရေ...မေကြီးရေ..."
"ဘာလဲ...သမီးမိုက်.."
"ဟန်နီမ...အင့်...မေမေ ပေးခိုင်းလိုက်တာ..မေကြီးရော.."
သဲစု အိမ်ပေါ် ပြေးတက်သွားတော့မှ ဖေကြီးကော မေကြီးကော ထိုင်နေတာ တွေ့တော့ ရယ်ပြလိုက်သည်။
"သမီးက ဖေကြီးတို့ မရှိဘူးမှတ်လို့..."
"ဘာဖြစ်လို့လဲ..သမီး..."
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...