Part 5

7.6K 410 65
                                    


ဆိုးဆိုးနွဲ့နွဲ့

အပိုင်း (၅)

01170451

"ကျစ်...အမေပဲ ပြောလိုက်ဗျာ..."

ညဏ်လင်းမှာ စိတ်လှုပ်ရှားရတာ တစ်မျိုး..။

ဖုန်းတွေချည်း ဆက်တိုက် ခေါ်နေလို့ စိတ်ရှုပ်ရတာက တစ်မျိုးရယ်..။

အမေကလည်း သွားဖို့ ပြင်ဆင်ပြီးကာမှ ညဏ်လင်း ပေးလိုက်တဲ့ ဖုန်းကို ကိုင်ကာ သက်ပြင်းချသည်။

"ဟလို...သမီး...သဲစုလား..မေမေပါ..."

"မေမေ...မေမေပြောတော့ သမီးနဲ့ သဘောတူပါတယ်ဆို...သမီး ကျောင်းပြီးရင် လက်ထပ်ပေးပါမယ်ဆို...အီး...ကိုကြီးက ပြောတယ်..ပြောတယ်....ဖုန်းမဆက်နဲ့...မေမေတို့က မမကို သွားတောင်းတော့မှာဆို...ဟုတ်လားဟင်...မတောင်းပါနဲ့...မတောင်းပါနဲ့...ကိုကြီးကို တခြားသူနဲ့ အတင်းမပေးစားပါနဲ့...မေမေရဲ့....အီး....ကိုကြီးကို သမီး တကယ်ချစ်တာပါ..တကယ် လက်ထပ်ချင်လို့ပါ..နော်...မေမေ..."

"ဟင်း....မငိုပါနဲ့..သမီးရယ်...တိတ်...တိတ်....မေမေတို့က အတင်းပေးစားတာ မဟုတ်ပါဘူး..သမီးကိုကြီးက သဘောကျလို့ တောင်းခိုင်းတာပါ...သမီး လည်း ငယ်တုန်းမို့စိတ်ကစားတာပါ...တစ်နေ့ကျ တကယ်ချစ်ရတဲ့ သူ တွေ့မှာပါ သမီးရယ်...မငိုနဲ့နော်...တိတ်..."

"မရဘူး..မရဘူး....အီး...သမီး ကို ဖေကြီးက အိမ်ထဲက အပြင်မထွက်ခိုင်းလို့ သမီး မလာရတာ...ကိုကြီးကို ပြောပေးပါနော်...အဲလို မလုပ်ပါနဲ့လို့...မရက်စက်ပါနဲ့လို့...ပြောပေးပါ..မေမေရယ်..."

"အရူးမ...နင် နဲ့ ငါ ဘာဆိုင်လို့ လိုက်ရှုပ်နေတာလဲ...တော်ပြီ အမေ ဖုန်းချလိုက်တော့.."

အမေ က မျက်နှာ မကောင်း ဖြစ်နေပေမဲ့ လက်ထဲက ဖုန်းကို ယူပြီး ပိတ်ပစ်လိုက်သည်။

"အဖေ စောင့်နေပြီ...သွားလိုက်ပါ..."

အမေနဲ့ အဖေ ထွက်သွားတော့မှ ညဏ်လင်း သက်ပြင်း တစ်ချက် ချကာ ဆိုဖာမှာ ၀င်ထိုင်လိုက်သည်။

စကားပြောရုံ ပြောကြည့်မယ်ဆိုပေမဲ့ ရူပါက ဘယ်လို တုန့်ပြန်လာမလဲ မသိဘူး..။

ဆိုးဆိုးနွဲ့နွဲ့Where stories live. Discover now