ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၁၂)
02070453
"အေမေကာ..."
"စျေးသွားပြီ...ကိုကြိ..."
သဲစု အရင်လို မဟုတ်ပဲ စောစော ထတက်နေပြီ..။
ဘာမှ မလုပ်တက်ပေမဲ့လည်း အပင်ရေလောင်းဖို့တော့ အပြည့်အ၀ တာ၀န်ယူပေးထားသည်။
ဒါကိုလည်း မေမေက မလုပ်ခိုင်းပါဘူး..။
သဲစု အတင်း လုပ်ပေးတော့ ကျေးဇူးတင်နေတာပါပဲ..။
လက်ထဲက ရေပန်းကို ပိတ်လိုက်ပြီး လက်ကို ရေခါကာ ကိုကြီး အနားကို ပြေးသွားလိုက်သည်။
အလုပ်သွားဖို့ အ၀တ်အစားလဲ ခေါင်းဖြီးထားရုံဖြင့် ကိုကြီးက သဲစုမျက်လုံးထဲမှာ ခန့်သန့်ချောကြီး ဖြစ်နေသည်။
"မီးငယ်ရော..."
"သူလည်း လိုက်သွားတယ်လေ..."
"သွပ်...မနက်စာ မ၀ယ်ရသေးဘူးထင်တယ်...ထားတော့...သွားတော့မယ်.."
"အာ...နေပါဦး...ပဲပြုတ်ရှိတယ်...သမီး ဆီ ဆားနယ်ပေးမယ်လေ...ငါးခြောက်လည်း ရှိတယ်...ကော်ဖီလည်း ဖျော်ပေးမယ်နော်..လာပါ....လာ..."
ကိုကြီး လက်မောင်းကို ဆွဲပြီး ခေါ်လာတော့ မှုန်ကြုတ်ကြုတ်ကြီးဖြင့် လိုက်လာတော့သည်။
ထမင်းစားပွဲက ထိုင်ခုံမှာ ထိုင်ခိုင်းပြီး သဲစု လက်ကို ဆပ်ပြာနဲ့ သေချာဆေးကာ ထမင်း ဇလုံ ကို ယူလိုက်သည်။
"သမီးက ကိုကြီး ရေချိုးပြီးတာနဲ့ သွားမယ် ထင်လို့ မလုပ်ထားတာ..."
"အင်း..ဒီနေ့ နောက်ကျနေတော့ မုန့်ဆိုင်တွေ သိမ်းနေလောက်ပြီ...ရှိတာပဲ စားသွားရမယ်..."
"အယ်...ဟုတ်တယ်နော်..ကိုကြီး ညတုန်းက အိပ်မပျော်ဘူးလား ...မသိဘူးနော်...မျက်လုံးကြီးက ညိုလို့.."
"အပို ပြောမနေနဲ့...မြန်မြန်လုပ် နောက်ကျနေပြီ..."
"အုတ်....."
သဲစု တမင် ဆွဲပြီး ပြောလိုက်ကာ ထမင်းကို ဆီများများလေးနဲ့ နယ်ပြီး ပဲပြုတ်ဖြူးလိုက်ကာ ကြွေပန်းကန်ထဲ သေချာ လေး ထည့်ပေးလိုက်သည်။
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...