ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၂၁)
02180535
"ဟင်...ကြောင်ရုပ်ကြီး..လှလိုက်တာ..."
သဲစု ကျောင်းက ပြန်ဖို့ ကိုကြီးကို စောင့်နေချိန် ကိုကြီးရဲ့ ဆိုင်ကယ် ရောက်လာသည်။
ဆိုင်ကယ်ရှေ့ခြင်းထဲမှာ အိတ်အမဲထုတ်ကြီး ကို တွေ့တော့ သဲစု မနေနိုင်ပဲ ဖွင့်ကြည့်မိတာ မွေးပွ ကြောင်ရုပ်ဖြစ်နေသည်။
"ကိုကြီး...အရုပ် ၀ယ်လာတာလားဟင်..."
"မဲပေါက်တာ..."
"အယ်...တကယ်လား..."
"အင်း..."
အင်း လို့ ပြောပြီး သဲစု ကို မကြည့်ပဲ ဆိုင်ကယ်ဒေါက်ကို ငုံ့ကြည့်နေတော့ ရယ်မိသွားသည်။
လူပျိုကြီးတော့ ရှက်နေပြန်ပါပြီ..။
"သမီး ယူလို့ရမလားဟင်..ယူလိုက်မယ်နော်..."
"ယူပေါ့..."
သဲစု လွယ်အိတ်ကို ပြင်လွယ်လိုက်ပြီး အရုပ်ကြီးကို ပိုက်ကာ နောက်မှာ ထိုင်လိုက်သည်။
"ဘာလုပ်တာလဲ...ရှေ့ခြင်းထဲ ထည့်လေ.."
"ဟွင့်အွင်း...ကိုင်ထားမယ်..."
"အကြွားကောင်းလို့ ပြုတ်ကျပြီး သွားကျွတ်နေမယ်...အိတ်ထဲမြန်မြန် ပြန်ထည့်စမ်း..."
သဲစု နှုတ်ခမ်းစူသွားပေမဲ့လည်း လက်ထဲက အရုပ်ကိုတော့ အိတ်ထဲ ပြန်ထိုးထည့်နေရသည်။
ရှေ့ခြင်းထဲကို ပြန်ထားလိုက်တော့ မှ ကိုကြီးက ဆိုင်ကယ်ကို စက်ပြန်နှိုးသည်။
أنت تقرأ
ဆိုးဆိုးနွဲ့နွဲ့
عشوائي"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...