Part 10

8.3K 420 56
                                    

ဆိုးဆိုးနွဲ့နွဲ့

အပိုင်း (၁၀)

02040106

"ကိုကြိ...ကိုကြိလို့..."

ညဏ်လင်း ပါးစပ်ထဲက သွားတိုက်ဆေးတွေကို ဒေါသကြောင့် တွေးပစ်လိုက်ပြီး ရေယူကာ ပလုတ်ကို ကပျာကယာ ကျင်းပစ်လိုက်သည်။

"ဘာဖြစ်နေတာလဲ...ဘာလဲ..ကိုကြိ...ကိုကြိ...ဘယ်လိုတွေ ပြောနေတာလဲ...ငါးခြောက်မ..."

သွားတိုက်ဆေးဘူးကို ခွက်ထဲ ပစ်ထည့်လိုက်ပြီး အော်ပစ်လိုက်တော့ အခန်းပြင်က ရယ်သံ ထွက်လာပြန်သည်။

"ဟီး...ချစ်လို့...ကိုကြီး ခေါ်ရင်း ကိုကြိ ဖြစ်သွားတာ..."

ညဏ်လင်း ပွယောင်းယောင်းဖြစ်နေတဲ့ ဆံပင်တွေကိုလည်း သပ်လိုက်ကာ ရေချိုးခန်းထဲက ထွက်လာခဲ့လိုက်သည်။

"ကလေးကလား...မလုပ်နဲ့...လူကြီးတွေရှေ့မှာ ခေါ်ရင် ဖြတ်ရိုက်မှာနော်..."

"အမ်းပါ....အခန်းထဲမှာပဲ ခေါ်တာပါ..ကိုကြိကလည်း...အင့်..."

ရေချိုးခန်း အ၀မှာ မချိုမချဉ် ရုပ်နဲ့ ရပ်နေတဲ့ စပ်စလူးမကို ငေါက်လိုက်တော့ နှုတ်ခမ်းစူသွားကာ လက်ထဲကို မျက်နှာသုတ်ပုဝါ အတင်းထိုးထည့်ပေးနေသည်။

အခုပဲ ပြောထားတာတောင်မှ ကိုကြိ ပြန်ပြီ..။

ကိုယ့်နာမည်မှာ ကြည်လည်း တစ်လုံးမှ မပါပဲ ကြားရတိုင်း ကိုကြည်ပဲ...။

"ကိုကြိက...ဒီပေါင်ဒါ သုံးသေးတယ်နော်....ဒါမျိုး သိပ်မသုံးကြတော့ဘူး..."

ကိုယ်တစ်သက်လုံး သုံးလာရတဲ့ Tabu ပေါင်ဒါဘူးကို အနံ့ခံ စပ်စုနေပြန်တော့ ဆွဲယူပြီး ဘီဒိုထဲ ပြန် သိမ်းလိုက်ရသည်။

"ကိုကြီး က အဲ့ အနံ့ ကြိုက်လို့လား.."

"မဟုတ်ပါဘူး...အဖေက အရင်က အဲ့ပေါင်ဒါပဲ သုံးတာ....ငါ့ကိုလည်း အဲဒါပဲ ၀ယ်ပေးတော့ ငယ်ငယ်ကတည်းက အဲဒါပဲ အမြဲသုံးဖြစ်သွားတာ..."

"တခြား တံဆိပ်တွေက ပိုမွှေးတယ်...အင်း..ဒါပေမဲ့....သမီးကတော့ ဒီ အနံ့လေး ကြိုက်တယ်...ကိုကြီးရဲ့ စောင်မှာဆို ဒီအနံ့လေးတွေ စွဲနေတာပဲ...သမီးကိုကြီးရဲ့ အနံ့လေး..."

ဆိုးဆိုးနွဲ့နွဲ့Where stories live. Discover now