ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၁၉)
02170454
"သဲစု...ဒီနေ့ ဆေးခန်းပြရမှာနော်.."
"ဟုတ်း..."
သဲစု စိတ်မပါစွာဖြင့် ပြန်ပြောလိုက်ကာ လက်က ဖုန်းကို နှိပ်နေမိသည်။
အဲ့ ဆရာ၀န်ကလည်း လူနာက နာနေပါသေးတယ်ဆို သူက ပတ်တီးဖြုတ်လို့ရပြီချည်းပဲ..။
စိတ်တိုဖို့ကောင်းလိုက်တာနော်..။
သဲစု စိတ်ထဲမှာ ပြောဆိုနေရင်း နှုတ်ခမ်းပင် စူချင်လာသည်။
တစ်လပြည့်ပြီမို့ ဒဏ်ရာတွေက လုံး၀မနာတော့ပေမဲ့လည်း သဲစုကတော့ ဒဏ်ရာအသစ်တောင် ထပ်လိုချင်သေးသည်။
ကိုကြီးက ဂရုစိုက် ပြုစုပေးနေတာ သဲစု အတွက်တော့ ပျော်စရာ အချိန်တွေချည်းပါပဲ..။
မနက်ဆို မေကြီးတို့ အိမ်မှာ ပြန်နေပြီး ညနေ ဆို ကိုကြီးက လာခေါ်သည်။
ကိုကြီးက ဖေကြီးနဲ့လည်း အရင်လို ရင်းရင်းနှီးနီး စကားပြောနေပြီ..။
သဲစု အိမ်ပြန်ရောက်ရင် အပင်လေးတွေကြည့်သည်။
ညစာ ကို ကိုကြီး က ခွံ့ကျွေးရသည်။
သဲစု အိမ်မှာ ညာလက်နဲ့ပဲ စားနေပေမဲ့လည်း ကိုကြီး ခွံ့တာ စားချင်လို့ လက်နဲ့ မစားနိုင်သေးဘူးလို့လိမ်ထားရသည်။
တစ်ခါတလေ ရေတောင် ကိုကြီး ကို ခွံ့တိုက်ခိုင်းလို့ရသည်လေ..။
အရင်လို ဆူဖို့ ငေါက်ဖို့ မပြောနဲ့ လေသံမာမာတောင် မပြောတော့ဘူး..။
VOCÊ ESTÁ LENDO
ဆိုးဆိုးနွဲ့နွဲ့
Diversos"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...