ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၃၀)
ဇာတ်သိမ်း
03141150
"ကိုကြီး..."
"အမ်း..."
"ဒီနေ့...သမီး မွေးနေ့နော်..."
"အဲတော့..."
"အမ်....ကိုကြီးကို မနေ့ကတည်းက ပြောထားတယ်လေ...မနက် ဆယ်နာရီလောက်ကို သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲ လုပ်မှာလို့..."
"လုပ်လေ..."
"ဟာ...ကိုကြီးလည်း ရှိရမှာကို...ခု ဆိုင်သွားဖို့ လုပ်နေပြန်ပြီနော်.."
"ဘာလို့ ငါက ရှိရမှာလဲ..."
"........."
သဲစုကို လှည့်တောင် မကြည့်ပဲ ခေါင်းဖြီးနေတော့ စိတ်မကောင်းဖြစ်ကာ မျက်ရည်ဝဲတက်လာသည်။
"အဲဒါက ဘာဖြစ်ရတာလဲ..."
ကိုကြီးက ခေါင်းဖြီးနေတာ ရပ်ပြီး လှည့်ကြည့်ရင်း မေးတော့ သဲစု မျက်လုံးကို လက်နဲ့ ပွတ်လိုက်ရသည်။
"စိတ်မကောင်းဖြစ်တာပေါ့လို့...ဟင့်..."
"နင့်ကို ငါ ရင့်ကျက်ပြီ ထင်တာ..ခုချိန်ထိ နားမလည်သေးပါလား...ငါ့မွေးနေ့တောင် ငါ မေ့နေတာ ကြာပြီ...နင် မွေးနေ့ လုပ်ချင်တယ် ဆိုတော့ ငယ်တဲ့သူပဲ ဆိုပြီး လုပ်ခိုင်းတယ်...ခု ဆိုင်ပါ မသွားပဲ အိမ်မှာနေရမယ်ဆိုတော့....နင်စဉ်းစားစမ်း...အလုပ်တွေ အကုန်လုံးကို ပစ်ပြီး နင့်သူငယ်ချင်းတွေနဲ့ မုန့်တူတူစားပြီး စကားပြောပေးဖို့ အဲလောက် အရေးကြီးလား..."
"ဟုတ်....သမီး မှားသွားတာပါ..."
သဲစု စကားဖြတ်ပြီး မျက်ရည်တွေကို ပွတ်ဆွဲသုတ်လိုက်ကာ ၀ရန်တာကို ထွက်လာခဲ့လိုက်သည်။
ကိုကြီး မကြိုက်တာ သိရဲ့သားနဲ့ ကလေးဆန်နေတဲ့ ကိုယ့်စိတ်ကိုလည်း ဒေါသ ဖြစ်ရပါသည်။
ကိုကြီး ဘက်က ကြည့်ရင်တော့ မွေးနေ့ဆိုတာ ဘာမှ မထူးဆန်းတာပါ..။
သဲစု က အိမ်မှာလည်း နှစ်တိုင်း လုပ်နေကြဆိုတော့ ဒီနှစ်လည်း လုပ်ချင်လို့ မေမေ့ကို ပြောတော့ မေမေက ခွင့်ပြုသည်။
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...