ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၂၇)
03040407
(ဒီအပိုင်းကို ကလေးတွေကို မဖတ်စေချင်ဘူးနော်...စာအဆိပ်တွေပါ)
"ကိုကြီး...ချစ်သူများနေ့ရောက်တော့မယ်နော်..."
"ဘာဖြစ်လဲ..."
"ဟီး...သမီးကို ချောကလက် ၀ယ်ကျွေးဖို့မေ့နေမှာ စိုးလို့ပါနော်..."
"ဘာလို့ကျွေးရမှာလဲ..."
"ဟာ....ကိုကြီးနော်..."
သဲစု နှုတ်ခမ်းစူလိုက်ပေမဲ့လည်း ကိုကြီးက တကယ့်ရုပ်တည်ကြီးနဲ့ ပြောနေတာပါ..။
စိတ်ကူးယဉ် အိပ်မက်ခဲ့ရတဲ့ ချစ်သူများနေ့လေး ပျက်စီးဖို့ သေချာသွားတော့ သဲစု စိတ်မကောင်းဖြစ်မိသည်။
ချစ်သူမရှိပေမဲ့ အဲ့နေ့ဆို ကိုကြီးဆီက တစ်ဖက်လှည့်နဲ့ ချောကလက် သကြားလုံးလေးဖြစ်ဖြစ် တောင်းစားဖို့ ကြံစည် ခဲ့ဖူးပါသည်။
ဒါပေမဲ့လည်း ပိတ်ရက်တောင် မရှိတဲ့ ကိုကြီးကို ဘယ်တုန်းကမှ သေချာ စကားပြော မတွေ့နိုင်ခဲ့ပါဘူး..။
လက်ထပ်ပြီးကတည်းက ချစ်သူများနေ့ ကိုမျှော်လင့်နေခဲ့ရတာ..။
ခုတော့ အားလုံး ပျက်စီိးသွားပါပြီ..။
"ချစ်သူများနေ့ဆိုတာ ချစ်သူများနေ့...လင်မယားနေ့မှ မဟုတ်တာ...နင်နဲ့ငါက လင်မယား ဖြစ်နေပြီ.."
ကပ်သီး ကပ်ဖဲ့ ပြောနိုင်တဲ့ လူပျိူကြီး ကို သဲစု ဆတ်ခနဲ့ လှည့်ကြည့်လိုက်တော့ ပြုံးစေ့စေ့နဲ့ မသိချင်ယောင်ဆောင်က ကျောခိုင်းထွက်သွားသည်။
အဲ့ကိုကြီးက နေနိုင်ပေမဲ့ သဲစု က နေနိုင်တာ မဟုတ်ဘူး..။
သဲစု အစတုန်းက ချောကလက် ပန်းစည်း၀ယ်ပြီး ကိုကြီးကို လက်ဆောင်ပေးမယ်လို့ တွေးမိသေးသည်။
ဒါပေမဲ့ ခေါင်းထဲပေါ်လာတာက တခြားတစ်ခု ဖြစ်သွားတော့ ကိုကြီး မသိအောင် ခုလို ခိုးထွက်လာခဲ့ရပြီလေ..။
"အစုမရာ...ဒီလောက် အဝေးကြီး..ဘာ၀ယ်စရာရှိလို့လဲ...နင့်ကိုကြီးသိရင် ငါတို့ကိုပါ အပြစ်တင်နေဦးမယ်..."
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...