ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၂၆)
03030533
"ကိုကြီး...အိပ်တော့မလို့လား..."
"အင်း..."
"........."
သဲစု သက်ပြင်းလေး ဖွဖွ ချမိသည်။
၀ရန်တာမှာ တစ်ယောက်တည်း ရပ်ကျန်နေခဲ့ရသည်။
သဲစု ၀တ်ထားတဲ့ ညအိပ်ဂါ၀န် အသစ်လေးကို ငုံ့ကြည့်ရင်း စိတ်မကောင်း ဖြစ်ရပါသည်။
တစ်ဖက်ခြံထဲမှာ မီးတွေ လင်းနေပေမဲ့လည်း ဘယ်သူမှ ရှိမနေပါဘူး..။
လိုင်းပေါ်မှာ ခေတ်စားနေတဲ့ ညအိပ်ဂါ၀န်လေးတွေ လူတိုင်းလိုလို ၀တ်နေကြတော့ သဲစုလည်း ၀တ်ချင်မိသည်။
သူငယ်ချင်းတွေကတော့ သတိပေးပါသေးသည်။
အဲဒါမျိုးက အသားဖြူဖြူနဲ့ ကိုယ်လုံးကိုယ်ထည် ရှိမှ လှတာတဲ့လေ..။
သဲစု မနေနိုင်လို့ မေမေ အိတ်ထဲ ထည့်ပေးထားတဲ့ မုန့်ဖိုးနဲ့ပဲ ၀ယ်လာခဲ့မိသည်။
ကြိုးလေးနှစ်ချောင်းကို ပခုံးပေါ် ချည်လိုက်ရတဲ့ ဂါ၀န်တိုလေးပါပဲ....။
တခြားသူတွေနဲ့ လိုက်ဖက်ပေမဲ့ သဲစုလို လူမျိုး ၀တ်လိုက်တော့ ကိုကြီးက သတိတောင် မထားမိဘူးလေ..။
သဲစုလည်း မိန်းမ ထဲက မိန်းမပဲမို့ ချစ်ရသူ မျက်လုံးထဲမှာ လှပ ကျော့ရှင်းပြီး ဆွဲဆောင်မှု ရှိချင်မိသည်။
ကိုကြီး မျက်လုံးထဲမှာတော့ ဂါ၀န်တိုနှံ့နှံ့ တစ်ထည် ၀တ်ထားတဲ့ စာခြောက်ရုပ်လို ဖြစ်နေမှာ သေချာပါသည်။
အခန်းမီးမှိတ်လိုက်တော့ ကောင်းကင်ကို မော့ကြည့်၇င်း သက်ပြင်း တစ်ချက် ထပ်ချမိသည်။
ကိုကြီးနဲ့ တရင်းတနှင်္ီး ပတ်သက်မိပြီးတဲ့ နောက်ပိုင်း သဲစု နှလုံးသားထဲမှာ မျှော်လင့်ချက် ရောင်နီလေးတွေ အရောင်ရင့်လာခဲ့သည်။
ပထမဆုံး ပတ်သက်မှုက ဒေါသကြောင့်ဆိုပေမဲ့ နောက်ထပ် ပတ်သက်မှုတွေမှာ ကိုကြီးဘက်က ကြင်နာယုယတဲ့ အရ်ိပ်တွေ တွေ့ခဲ့မိတာ သေချာပါသည်။
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...