ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၈)
01240715
"နင်ကလည်း....ဘာလို့ငိုပြန်တာလဲ.."
"ပျော်လို့..."
"လင်ရလို့ ပျော်ပြနေတာ ငါတို့က သေပေးရမှာလား..."
"မဟုတ်ပါဘူးဟာ....အင့် ကိုကြီးနဲ့ဆိုတာ ငါ မယုံနိုင်သေးလို့ပါ..."
"ဖြစ်ရလေ...နင့်ကိုကြီး အိမ်ကို သွားရတော့မှာနော်...ပြီးရင်...ဟီး..."
"အမလေး....သွားစ မနေနဲ့...နန္ဒာရေ...နင့်ဟာမ က အရှက်ရှိတာမဟုတ်ဘူး...အတွင်း၀တ်က အစ အသစ် သွား၀ယ်ထားပြီးပြီဟ..."
"အယ်..ဟုတ်လား.."
"ဟန်နီမ..နင်နော်..."
"မဟုတ်လို့လား.."
သဲစု အ၀တ်အိတ်တွေကို လွန်ခဲ့တဲ့ သုံးရက်ကတည်းက အဆင်သင့်ပြင်ထားပြီးသားပါ..။
ဒါပေမဲ့ သေချာ ပြန်တွေးလိုက် ထည့်လိုက်ဖြင့် အိတ်က ဇစ်လည်း တဖြည်းဖြည်း ပျက်တော့မည်။
သဲစု သူငယ်ချင်းတွေက အကဲပိုတယ် ထင်နေပေမဲ့ သဲစုရဲ့ အပျော်ကို သူတို့နားလည်မည် မထင်ပါဘူး..။
ကိုယ့် အချစ်ဦးကို လက်ထပ်ရမှာ မပျော်ပဲ နေပါ့မလား..။
"အင့်...မင်္ဂလာလက်ဆောင်..."
ဟန်နီမ က သဲစုကို အိတ်တစ်ခု လှမ်းပေးတော့ မျက်နှာပေါ်က ပေါင်းတင်ထားတဲ့ မက်ကို လက်နဲ့ဖိပြီးမှ မယုံချင် ယုံချင်ဖြင့် ယူပြီး ဖွင့်ကြည့်လိုက်သည်။
"ဟယ်...နင်က အရမ်းတော်တာပဲဟာ.."
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...