ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၁၁)
02060607
"သားရယ်...နောက်ကျလိုက်တာ..."
"ကိုးနာရီတောင် မရှိသေးပါဘူး..အမေရဲ့..."
ညဏ်လင်း အိမ်ထဲရောက်တာနဲ့ အမေက ဆီးကြို၍ ပြောတော့သည်။
"သဲစုလေးက ထမင်းစားဖို့ စောင့်နေရတာလေ..."
"မစောင့်ပါနဲ့ဆိုတာကို..အဲ့ကောင်မလေး က ရှည်ကို ရှည်ပါတယ်ဗျာ..."
မီးဖိုခန်းကို ၀င်သွားတဲ့ အရှုပ်မလေးကို မကြည်မလင် လှမ်းကြည့်ပြီး ပြောလိုက်မိသည်။
"သားက မနက်စာလည်း ပြန်မစားတော့ ညစာကို အတူတူ လက်ဆုံ စားချင်ရှာမှာပေါ့"
"အပိုတွေပါ..."
"ဘာပဲဖြစ်ဖြစ်...ရှစ်နာရီလောက် ပြန်လာပေါ့..."
"ဟုတ်....ဒီရက်ပိုင်း စာရင်းတွေ လုပ်နေရလို့ပါ..နောက်ရက်ကျ ပြီးပါပြီ....."
"စာရင်းလုပ်စရာရှိလည်း နောက်နေ့မှ လုပ်...မင်းက လူလွတ် မဟုတ်တော့ဘူး..မိန်းမ ရှိတယ်...အိမ်ပြန်ချိန် မှန်အောင်နေ...ငါတို့လည်း တစ်သက်လုံး ကိုယ်ပိုင်ဆိုင် အလုပ်လုပ်လာတာ...ခုနှစ်နာရီဆို မိသားစု စုံပြီးသားပဲ...နားလည်တဲ့ အရွယ်ရောက်နေလို့...မပြောတာကို ပို ပိုဆိုးလာတယ်..."
အဖေကပါ ထပ်ဆူတော့ ညဏ်လင်း စိတ်ထဲ အပိုတွေ လုပ်ပြတဲ့ သဲစုမကိုသာ ထုထောင်း ပစ်ချင်တော့သည်။
"ဟုတ်..."
အဖေ ပြောသမျှကို ခေါင်းညိတ်ပြီး အ၀တ်အစားတောင် မလဲပဲ မီးဖိုခန်းထဲ ၀င်သွားလိုက်သည်။
"ဟင်...ကိုကြီး စားတော့ မလို့လား...ဟင်းရည် နွှေးမလို့ ..."
"နင် ဗိုက်ဆာတာ သေတော့မယ် မလား...စားမယ်..."
"ဟင်...သမီး...မပြောပါဘူး.."
"ကျစ်...မြန်မြန်ယူလာ..."
"ဟုတ်...ဟုတ်..."
"ကြာတယ်.."
ညဏ်လင်း စိတ်တိုလို့ ထမင်းပန်းကန် လာချပေးတာ မစောင့်တော့ပဲ ပန်းကန်ထဲကို ထမင်းခပ်ထည့်လိုက်ကာ ဟင်းပုံပြီး စားပွဲကို ယူသွားလိုက်သည်။
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...