ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၃)
07010358
"သူ တကယ် ဆက်မှာ သိလား..မမ.."
"အင်းပါ...ညီမလေးက ပိုပြီး ရင်ခုန်နေသလိုပဲ..ဟီး.."
"သမီး..စချင်လို့...ကိုကြီးက သမီးကိုဆို အမြဲတမ်း စိတ်တိုနေတာလေ.....သမီး အသံကြားရရင် ဖြစ်သွားမဲ့ ပုံကြီး..ဟီး.ဟီး.."
မမရူပါကတော့ ခေါင်းညိတ်ပြီး သူ လုပ်စရာ ရှိတဲ့အလုပ်တွေကို လုပ်နေပေမဲ့ သဲစုမှာတော့ ဖုန်းကို ခဏခဏ ယူကြည့်နေမိသည်။
မမ ဖုန်းနံပါတ် ပေးလိုက်လို့ မမက စိတ်ဆိုးချင်ပေမဲ့ သဲစုမှာ မနည်းတောင်းပန်လိုက်ရသေးသည်။
သဲစုလည်း ဖုန်းနံပါတ် မပေးချင်ပေမဲ့လည်း ကိုကြီးဆီက မုန့်ဖိုး ငါးထောင် ရပြီးတော့ ဖုန်းနံပါတ်ကို ကိုကြီး သိသွားပြီလေ..။
ငါးရက်စလုံး ဇွဲကောင်းးကောင်းနဲ့ မနက်စောကြီး ထနိုင်တဲ့ ကိုကြီးက အံသြစရာပါပဲ.။
မမ ရူပါက အရမ်းလှတော့ လူပျိုကြီး ကြွေသွားတာ နေမှာပေါ့..။
"မမ...ကိုကြီးကို ကြိုက်လားဟင်.."
"ဟော..သေချာတောင် စကား မပြောဖူးပဲ...ကြိုက်လား ဘယ်လိုသိမလဲ...ညီမလေးရဲ့..."
"ကြိုက်သွားမှာပါ...ကိုကြီးက လူကောင်းလေ.."
"အမယ်..ရှေ့နေလိုက်နေတာလား..."
မမရူပါက လျှော်ပြီးသား မျက်နှာသုတ်ပုဝါနဲ့ ည၀တ်အကျီ င်္ကို ချိတ်ရင်း လှမ်းမေးတော့ သဲစု ရယ်ပြလိုက်သည်။
"ရှေ့နေလိုက်တာ ဟုတ်ပါဘူး..ကိုကြီးက တကယ့်လူကောင်းပါ...သူတို့အိမ်ကို သမီး ငယ်ငယ်လေးကတည်းက သွားနေတာ...သူတို့ ညီအစ်ကိုတွေ အကုန်လုံးထဲမှာ ကိုကြီးပဲ လူရိုး...ကိုလတ် အောင်လင်းထူးက ချောပေမဲ့ ရည်းစားရှုပ်တယ်..အဲဒါကြောင့် အန်တီတို့က မြန်မြန် မိန်းမ ပေးစားလိုက်ရတာ...မမလင်းလင်းလဲ့ကျတော့ ယောက်ျားလျာလို နေတာ...အဲဒါကြောင့် ကျောင်းပြီးတာနဲ့ ယောက်ျားပေးစားလိုက်တာ..အငယ်ဆုံး ကိုကို ကျတော့ သူ့ဟာသူ ခိုးပြေးတာ...ဟီး.. "
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...