ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၂၄)
03010802
"ကိုကြီး...ကိုကြီး...ချွဲ့ချွဲ့နွဲ့နွဲ့ ခေါ်ချင်တယ်...ကိုကြီး...ကိုကြီး..."
သဲစု ကြက်သွန်မွှန်လို့ မျက်ရည်ကျရင်း ဝိုးတဝါးဖြင့် ဖုန်းကို ကောက်ယူကာ ကြည့်လိုက်တော့ မျက်လုံးပင် ပြူးသွားသည်။
"တကယ့်ကိုကြီးဟ..."
"......."
"ဟရို...."
"........"
"ဟလို...ကိုကြီး..."
"ဘာဖြစ်လို့လဲ..."
"ဟင်...."
သဲစု မှာ ဖုန်းကိုင်ရင်း ကြောင်နေမိပြီးမှ နှာခေါင်းတရှုံ့ရှုံ့ဖြစ်နေတာကို သတိရတော့သည်။
"သြော်...အဟီး...ကြက်သွန်မွှန်လို့ ကိုကြီး...ဘာလို့လဲဟင်..."
"ဘာလုပ်နေတာလဲ..."
"ညကျရင် အသုပ်လုပ်စားမလို့ ကြက်သွန်အခွံနွှာနေတာ..."
"ငါ...လာခေါ်မယ်...အ၀တ်အစားလဲပြီး ပြင်ဆင်ထား..."
"ဟင်...အပြင်သွားမလို့လား..ဟီး..ဟုတ်...အဲ..ဘယ်ကိုလဲ ကိုကြီး..."
"ဘယ်ကို ဖြစ်ဖြစ်ပေါ့...ပြင်ထား..နောက် တစ်နာရီကျ လာခေါ်မယ်..."
"ဟုတ်...."
သဲစု စိတ်မပါစွာပြောလိုက်ပြီး ဖုန်းချလိုက်ရတော့သည်။
အပြင်သွားရမယ်ဆိုတော့ ဘယ်ကို သွားရမလဲတော့ သိချင်တာပေါ့လို့..။
ဟိုတစ်ခေါက်တုန်းကလည်း ဆိုင်ကယ် လျှောက်မောင်းနေရင်း တည်းခိုခန်း ရောက်သွားသေးသည်လေ..။
ဟိုး အရင်တုန်းကလည်း သူငယ်ချင်းအိမ် သွားဖို့ကို ဘောင်းဘီ ၀တ်ထားမိလို့ မေမေ့ ထဘီ ကြီး ၀တ်ခိုင်းသေးသည်။
ဘယ်ကိုသွားမယ်ဆိုတာ သိတော့ မှ ပြင်လို့ဆင်လို့ရမှာပေါ့လို့..။
ဟူး...အဲ့ကိုကြီးက အားနေ စိတ်ပဲတိုနေတာပဲ..။
အဲဒါကြောင် မိန်းမ မရပဲ လူပျိုကြီးဖြစ်နေတာ..။
ငါက အတွင်းမသိ အဆင်းမသိလို့ ခရှက်ရှ် မိတာ..။
ငါသာ မယူရင် ငှက်ပျောတုံးဖက်သေရမဲ့ လူကြီး..။
![](https://img.wattpad.com/cover/304702892-288-k307217.jpg)
YOU ARE READING
ဆိုးဆိုးနွဲ့နွဲ့
Random"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...