ဆိုးဆိုးနွဲ့နွဲ့
အပိုင်း (၁၃)
02090722
"သမီးရေ...ဟန်နီ လာတယ်...'
"ဟုတ်ကဲ့...လာပြီ..."
ညဏ်လင်း နဲ့ အတူတူ ထမင်းစားနေရင်း ထပြေးတော့ လက်ထဲမှာ ဇွန်းကိုင်ထားရင်း နောက်ကို လှည့်ကြည့်မိသည်။
ညဘက်ကြီး ဘာဖြစ်လို့ပါလိမ့်..။
အန်ကယ် က သူ့သမီးနဲ့ လက်ထပ်ပြီးကတည်းက ခပ်တန်းတန်းဖြစ်သွားပေမဲ့ ညဏ်လင်းမှာတော့ အရင်အတိုင်း ပါပဲ..။
ညဏ်လင်း စိတ်ပူနေပေမဲ့ ငါးခြောက်မ က အိတ် တစ်ခုကို ကိုင်ပြီး ထမင်းစားခန်းထဲ ပြန်ရောက်လာသည်။
"ဘာဖြစ်လို့လဲ..."
"ဟင်...သမီး မှာထားတာလေ...အဲဒါ လာပို့တာ..."
"ဘာမှာ ထားလို့လဲ..."
"ဟိုဟာ...လိမ်းတဲ့ဟာပါ..."
ညဏ်လင်း မေးတာကို မဖြေပဲ ဝေ့ပတ်နေတော့ အဖေ တို့လည်း ရှေ့ခန်းမှာ ရှိနေလို့ ဘာမှ ထပ်မမေးပဲ ထမင်းဆက်စားနေလိုက်သည်။
"ကိုကြီး...ဒီ အသီးကြော်ကလေ...သမီးကြော်တာနော်...စားကောင်းလား..."
"မဆိုးပါဘူး.."
အမှန်အတိုင်း မကောင်းဘူးပြောရင် သူ့ဟာသူ လျှောက်ခံစားနေတာ သိထားတော့ စိတ်မပါပဲ ပြောလိုက်သည်။
အသီးတွေက မာကြွတ်ကြွတ်နဲ့ မုန်ညှင်း၇ွက်ဆို အစိမ်းအတိုင်း..။
သူကိုသာ ပြောကြည့်လိုက်..။
ကိုရီးယားစတိုင် ဂျပန် စတိုင် ထိုင်၀မ် စတိုင် ပါးစပ်ထဲ ပေါ်လာတဲ့ နိုင်ငံကို ပြောပြီး နိုင်ငံတကာ စတိုင် ကြော်တာလို့ ကြွားသေးသည်။
"ကိုကြီး..."
"......."
"ဟိုဘက်က ဟင်းလေး ထည့်ပေးပါလား..."
ငါးအစပ်ကြော်ကို မေးငေါ့ပြပြီး ပြောတော့ ညဏ်လင်း ဟင်းပန်းကန်ယူပြီး ရှေ့ချပေးလိုက်သည်။
ဟင်းကို ခပ်မယူပဲ ကြည့်နေတာ သိပေမဲ့ မသိချင်ယောင်ဆောင်ကာ ထမင်းဆက်စားနေလိုက်သည်။
CZYTASZ
ဆိုးဆိုးနွဲ့နွဲ့
Losowe"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချ...